အမိုက်စားအချစ်သီချင်းတွေကြောင့်ပရိတ်သတ်တွေအကြိုက်အဆိုတော်ဖြစ်ခဲ့ရတာကတော့ထူးအယ်လင်းပဲဖြစ်ပါတယ်။ပရိတ်သတ်တွေအတွက်သီချင်းသစ်လေးတွေမထွက်တော့ပေမယ့်သူ့သီချင်းတွေကတော့ခုချိန်ထိတိုင်အောင်လူငယ်၊လူရွယ်တွေရဲ့အကြိုက်ဆုံးသီချင်းလေးတွေဖြစ်နေရတာပါ။အနုပညာအလုပ်တွေနဲ့ဝေးကွာနေပေမယ့်ပရိတ်တွေအတွက်မဝေးပဲရှိနေတာဖြစ်ပါတယ်။ 

မကြာသေးခင်ကမှသူပါဝင်ရိုက်ကူးထားတဲ့Special 9ဇာတ်ကားရုံတင်ခဲ့ပြီးပရိတ်သတ်တွေတစ်ခဲနက်အားပေးခဲ့ကြတာပါ။ထူးအယ်လင်းကတော့အနုပညာအလုပ်တွေနဲ့ဝေးနေပေမယ့်ပရဟိတအလုပ်တွေကိုအားကြိုးမာန်တက်ပါဝင်လုပ်ကိုင်ပေနေတာဖြစ်ပါတယ်။ခရီးတွေထွက်ပြီးခက်ခဲတဲ့နေရာလေးတွေမှာသွားရောက်လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုမှာလည်းသူနဲ့သူငယ်ချင်းတွေကိုယ်တိုင်ဦးဆောင်ပြီးပြည်မြို့နယ် ကုန်တလင်းကျေးရွာအုပ်စု သဲဖြူရွာမှာရှိတဲ့ တောင်ပေါ်ဆုတောင်းပြည့် ရှေးဟောင်း ဆုတောင်းပြည့်စေတီမှာ စေတီတော်လုံးပတ်ပြုပြင်မွမ်းမံခြင်း ၊ ရွှေသင်္ဃန်းကပ်ခြင်း ၊ ရင်ပြင်တော်ပြုပြင်အချောကိုင်ခြင်း ၊ ဘုရားတန်ဆောင်းဆောက်ခြင်း အစရှိသည်တို့ အားလုံး ပြီးစီးတာနှင့် စေတီတော်အတွက် ထီးသစ်တင်ပြီး စိန်ဖူးတော် ကပ်လှူမှာဖြစ်တာကြောင့်ဒီအလှူလေးမှာပါဝင်တဲ့အလှူရှင်တွေကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ဒီစေတီလေးဟာလည်းကွယ်လွန်သူသရုပ်ဆောင်မင်းသားမင်းသွေးအတွက်ရည်စူးပြီးမွန်းမံတည်ဆောက်ထားတာဖြစ်ပါတယ်။

SOURCE:Htoo El Lynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။