အဓိကနည်းပညာကုမ္ပဏီကြီးများသည် 4G connectivity အားလပေါ်တွင် 2019 ၌စတင်ရရှိစေရန် လုပ်ဆောင်သွားမည်ဟုကြေညာခဲ့ကြသည်။ Vodafone (network operator) Nokia(networking equipment) နှင့် Audi (Lunar rover maker) တို့သည် ၎င်းတို့၏ space-grade mobile network ဖန်တီးမှုအစီအစဉ်အားကြေညာသွားခဲ့သည်။ 

‘Mission to the Moon’ project သည် ပထမဆုံး 4G network အားလပေါ်တွင် စတင်ရန် ဖြစ်ပြီးပထမဆုံး NASA အာကာသယာဉ်မှူးများလပေါ်တွင်လမ်းလျှောက် ပြီး နှစ် 50 အကြာတွင် ဖြစ်သည်။ ဘာလင်အခြေစိုက် ကုမ္ပဏီ PT Scientists မှ အဆိုပါ ကုမ္ပဏီများနှင့် ပူးပေါင်းကာလပေါ်သို့ သီးခြားဆင်းသက်ရန် စီစဉ်နေသည်။ 4G သည် analogue radio ဆက်သွယ်ရေးထက် စွမ်းအင်ပိုမိုထိရောက်ကြောင်းသိရသည်။ 5G network များမှာ ပြီးပြည့်စုံ ခြင်းမရှိသေးရာတပ်ဆင်ရန် မဖြစ်နို်င်သေးပေ။

လာမည့်နှစ်တွင် Space X Falcon 9 ဒုံးယာဉ်သည် Nokia မှ ဖန်တီးတည်ဆောက်သော space-grade networking device ကို သယ်ဆောင်သွားမည်ဖြစ်ပြီး 1 kg ပင် မလေးကြောင်းသိရသည်။ အဆိုပါ 4G network ဖြင့် Audi lunar Quattro rovers နှစ်ခုကို ချိတ်ဆက်မည် ဖြစ်ပြီး NASA ၏ 1972 က သုံးခဲ့သော Apollo 17 lunar roving vehicle အားချဉ်းကပ်လေ့လာမှုပြုမည်ဖြစ်သည်။ 

Source: Net Guide Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။