လက်ရှိဖွင့်ဖြိုးလာတဲ့ ခေတ်စနစ်တွေနဲ့အတူ တားဆီးပိတ်ပင်ထားတဲ့ ဘာသာနဲ့ လူမျိုးကွဲတွေရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြားသိနေတဲ့အတိုင်း နေ့စဉ်တွေ့မြင်နေကြမယ်ထင်ပါတယ်။ အဆိုပါ မတူညီတဲ့ လူမျိုးခြားမင်္ဂလာပွဲတွေထဲက ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Tampa မြို့ ကမ်းခြေက Tampa Garden Club မှာ ကျင်းပခဲ့တဲ့မင်္ဂလာပွဲတစ်ခုလည်းပါဝင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ မင်္ဂလာပွဲကတော့ မြန်မာ့အမျိုးသမီးတစ်ဦးနှင့် အရေရီကန်နိုင်ငံသားတစ်ဦးတို့ရဲ့မင်္ဂလာပွဲလေးပဲဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုပုံစံဖြင့်ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲလေးကတော့ ပရိသတ်တွေကြားရေးပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ မင်္ဂလာပွဲကတော့ မိခင်ဖြစ်သူ ဒေါ်နီနီအောင်ခင် က သမီးရဲ့ မင်္ဂလာ ပွဲကို မြန်မာအဆန်ဆုံးစီစဉ် ကျင်းပ ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မင်္ဂလာပွဲနှင့်ပတ်သက်ပြီး" မင်္ဂလာမောင်မယ်နဲ့တကွ ဆွေမျိုးတွေ လူပျိုရန် အပျိုရန်တွေ ၂ထက်မိဘတွေ ဝတ်ဖို့ သူကိုယ်တိုင် မြန်မာပြည်သွားပြီး မြန်မာဝတ်စုံတွေ ဝယ် ချုပ်ထား တယ် ။ အခမ်းအနား ကိုလည်း မြန်မာလိုသက်သက်ကျင်းပတယ် ။ အဆိုတော် သဲနုဝါ ၊ စန္ဒရား ကိုတင်ကိုကို တို့နဲ့ အခါ်တော်ပေးပြီး မြန်မာလူကြီးတွေ ကိုယ်တိုင် စုလျားရစ်ပတ် ၊ လက်စွပ်လဲ ၊ ပန်းကုန်းစွပ်တာတွေ လုပ်ပေးတယ် ။ သတိုးသား နဲ့ သူ့မိဘ ၊ အပျိုရန် ၊ လူပျိုရန် တွေက မျက်နှာဖြူ အမေရိကန်တွေ ဖြစ်ပေမယ့် မြန်မာအဝတ်တွေကို ချပ်ချပ်ရပ်ရပ်ဝတ် ၊ အောင်ဇေယျတု နဲ့ ဖြည်းဖြည်းလေး လျှောက်ပြီး အပြီးမှာ မြန်မာအကကို ပျော်ပျော်ပါးပါးဝင်ကကြတယ်" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။  

ထို့အပြင်" ကြွရောက်လာတဲ့ ဧည့်သည် ၂၀၀ ကျော်ကို တရုပ်အစားအစာ ညစာနဲ့ ဧည့်ခံတယ်။ ပြီးတော့ မြန်မာသီချင်းတွေနဲ့ တပျော်တပါး ကကြတယ် ။ကျွန်တော်တို့အားလုံး ဒီ မြန်မာဆန်လှတဲ့ မင်္ဂလာပွဲလေးကို တက်ရင်း အမေရိကန်နိုင်ငံဆိုတာ ခဏမေ့သွားပြီး ရန်ကုန်ကို ပြန်ရောက်သွားသလို ခံစားမိပါတယ်" ဟူ၍လည်း ရေးသားထားတာတွေ့ရပါတယ်။ အချိန်၊ လူနှင့် ငွေကြေးအကုန်အကျခံပြီး လေးစားစရာကောင်းတဲ့မြန်မာ့ရိုးရာအမွေအနှစ်ကိုထိန်းသိမ်းသွားတဲ့အဆိုပါ မင်္ဂလာပွဲပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - YHO 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။