အာစီယံဆူဇူကီးဖလားပြိုင်ပွဲကတော့စတင်ပြီးကျင်းပနေပြီပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာအာစီယံဒေသတွင်းကအသင်းတွေကတော့လူငယ်ကစားသမားတွေကိုနေရာပေးလာကြတာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်တဲ့မြန်မာအသင်းကလည်းလူငယ်ကစားသမားတွေအများစုပါဝင်လာတာဖြစ်ပါတယ်။မြန်မာအသင်းဟာအဖွင့်ပွဲစဉ်မှာတော့ကမ္ဘောဒီးယားအသင်းကို(၄-၁)နဲ့အနိုင်ရခဲ့ပြီးဒီပွဲစဉ်တွေမှာလည်းလူငယ်ကစားသမားတွေအများဆုံးပါဝင်တာပါ။

မြန်မာအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့အောင်သူနဲ့တူတူပရိတ်သတ်တွေစောင့်ကြည့်အားပေးခံရတာကတော့ရန်ကုန်အသင်းရဲ့ကစားသမားဖြစ်တဲ့မောင်မောင်လွင်ပဲဖြစ်ပါတယ်။နိုင်ငံအသင်းတွက်ရောကလပ်အသင်းတွက်ပါအရေးပါတဲ့သွင်းဂိုးတွေသွင်းယူနိုင်တာကြောင့်ပရိတ်သတ်တွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ၂၀၁၅ယူ၁၉ကမ္ဘာဖလားပြိုင်ပွဲထဲကပါဝင်ကစားခဲ့ပြီးနာမည်ရနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အာရှအားကစားပြိုင်ပွဲမှာလည်းမြောက်ကိုရီးယားအသင်းမျိုးကိုဦးဆောင်ဂိုးတွေသွင်းနိုင်တဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ထိုင်းထိပ်သီးကလပ်တွေကလည်းခေါ်ယူဖို့စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ဒီနှစ်ဆူဇူကီးပြိုင်ပွဲမှာတော့မောင်မောင်လွင်ကတော့နိုင်ငံခြားကလပ်အသင်းတွေစောင့်ကြည့်ခံရတဲ့အထွန်းတောက်ဆုံးကစားသမားဖြစ်လာဖို့ရှိနေတာဖြစ်ပါတယ်။

Photo:Mg Mg Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။