မနောဆိုတဲ့ ဗိုလ်အောင်ဒင်သီချင်းရဲ့ အောင်မြင်မှုကတော့ကြောက်ခမန်းလိလိပါပဲ ... တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ဗီယက်နမ် ဟနွိုင်းမြို ့ကို ချစ်ကြည်ရေးခရီးသွားရောက်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးက တည်ခင်းတဲ့ ညစာစားပွဲမှာ ဗီယက်နမ်အဆိုတော်က ဗိုလ်အောင်ဒင် သီချင်းနဲ့ သီဆိုဖျော်ဖြေသွားတာပါ ။ 

အရမ်းမပီသပေမယ့် တကယ်ကိုကြိုးစားထားမှန်းသိသာပါတယ် ။ ချစ်ကြည်ရေးခရီးမှာ ဗီယက်နမ်အစိုးရရဲ့ အိမ်နီးချင်းနိုင်ငံတွေကို မျက်ခြေမပျက်လေ့လာနိုင်မှုကိုချပြတာလဲဖြစ်နိုင်ပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြန်မာမှာရေပန်းစားတဲ့သီချင်းကို နိုင်ငံခြားမှာ နိုင်ငံခြားသာက ကြိုးစားဆိုပြတာ ကြားရတော့ နှစ်သက်ကြမှာပဲမို့ ဗီယက်နမ်အစိုးရရဲ့ စီမံမှုကိုတော့ချီးကျူးရမှာပါပဲ ...

Source : Lawkanat  

သတင်းအရင်းမြစ် သီခ်င္းကုိၾကည့္ရန္ဒီကုိႏွိပ္ပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။