ဒီရွာလေးကတော့ သေလောက်အောင်ကြောက်စရာကောင်းတဲ့ ပြင်သစ်နိုင်ငံကရွာလေးတစ်ရွာပါ။ ဘာဖြစ်လို့လဲဆိုတော့ အပြစ်မဲ့တဲ့ရွာသားတွေဟာ ရက်ရက်စက်စက်အသတ်ခံခဲ့ရတာကြောင့် အဲ့လူတွေရဲ့ဝိဉာဉ်တွေဟာမကျွတ်လွတ်နိုင်ဘဲနေ့ရှိသရွေ့ခြောက်လှန့်နေကြလို့ပါ။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေတဲ့အချိန် ၁၉၄၄ ဇွန်လ(၁၁)ရက်မှဂျာမန်တွေဟာ ပြစ်သစ်နိုင်ငံပိုင်တဲ့ ဒီရွာလေးကို စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ကြပါတယ်။

နောက်ဆက်တွဲကတော့ ရွာထဲမှာရှိသမျှလူတွေ တိရိစ္ဆာန်တွေအကုန် ဂျာမန်တွေရဲ့ စက်သေနတ်အောက်မှာအသက်ပျောက်ကုန်ပါလေရော။ဘုရားရှိခိုးကျောင်းထဲမှာ ဘုရားဝတ်ပြုနေကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအကုန်လည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ လူသေအလောင်းတွေထပ်ပြီး လူတွေလုံးဝမရှိတော့တဲ့ဒီရွာလေးဟာ နာနာဘာဝတွေရဲ့နားခိုရာနေရာဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာပြင်သစ်အစိုးရဟာ ကံဆိုးစွာသေဆုံးခဲ့ကြတဲ့ ဒီရွာကို သမိုင်းဝင်နေရာတစ်ခုအဖြစ်ဆက်လက်ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့်အခဲမကျေနိုင်တဲ့ တစ္ဆေတွေကတော့လူသတ်ဖို့ကို အမြဲတမ်းကြိုးစားနေကြပါတယ်။

နေဝင်မိုးချုပ်အချိန်မပြောနဲ့ နေ့လည်နေ့ခင်းအချိန်မှာတောင် ခြောက်လှန့်မှု လူသေမှု တွေရှိနေခဲ့ပါတယ်။ဒါကြောင့်ဝင်ရောက်လေ့လာသူတွေဟာ 14.733658မိုင်သာရှိတဲ့ ဒီရွာလေးထဲကို အုပ်စုဖွဲ့ဝင်ရောက်ကြရပါတယ်။ ဒါတောင် အားလုံးနီးပါးခြောက်လှန့်ခံရပါသေးတယ်။ ညဘက်ကိုမည်သူမှမဝင်ရောက်ဖို့လည်း အစိုးရက ပြင်းပြင်းထန်ထန်တားမြစ်ထားခဲ့ပါတယ်။သွားရောက်လေ့လာချင်တယ်ဆိုရင် သတိအရမ်းထားရမယ့်နေရာဖြစ်ပြီး နှလုံးအားနည်းတဲ့လူတွေ လုံး၀ လုံးဝမသွားသင့်တဲ့နေရာတစ်နေရာပဲဖြစ်ပါတယ်။

Source : oradour sur glane

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။