ခန္ဓာကိုယ်အချိုးအစားကျနပုံကတော့ တကယ့်ကိုပြိုင်ဖက်ကင်းတစ်ယောက်လို့တောင်ပြောလို့ရတဲ့ ဝါဆိုတစ်ယောက် ငွေဆောင်ကမ်းခြေမှာ ချစ်ခင်ရသူတွေနဲ့အတူ အပျော်ကြီးပျော်လို့နေပါတယ်။ ရေကူးဝတ်စုံနဲ့သူမရဲ့ပုံရိပ်ဟာ ရှိုက်ကြီးဖိုငင်အသွယ်သွယ်ဟာ အထင်းသားပေါ်လွင်နေပြီး ရင်ခုန်သံတွေကို ဆူညံအောင်လုပ်နေသလိုပါပဲ။ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ အလှတရားကို သူမကအပြည့်အဝပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲ။

အဆိုတော်ဖြိုးလေးနဲ့လည်း ချစ်သူသက်တမ်း 2နှစ်ကျော်ကာလကိုဖြတ်သန်းကြခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ကမ္ဘာလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ကြည်နူးဖို့ကောင်းတဲ့သူမတို့နှစ်ယောက်ရဲ့အချစ်ကမ္ဘာလေးကို ချစ်ခင်အားကျနေတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။

သူမကသီချင်းခွေလည်းထွက်ရှိထားပြီး ချစ်သူနဲ့အတူလည်း သီချင်းတွေဆိုထားပါသေးတယ်။ ချစ်စရာကောင်းတဲ့သူမတို့စုံတွဲလေးလည်း ဘယ်တော့ရွှေလက်တွဲမလည်းဆိုတာကို အားလုံးကလည်းစောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ ငွေဆောင်ကမ်းခြေထက်က သူမရဲ့ရင်ခုန်ချင်စရာအလှတရားတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်မယ်နော်။

Photo - Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။