အဆိုတော် သရုပ်ဆောင် ဆရာဝန်မလေးဖြစ်တဲ့ မင်းသမီးချောလေး ချစ်သုဝေကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပေါင်မုန့်ကို ကိုယ်တိုင်လုပ်နေတယ်လို့ ဆိုပါတယ်..။

လူတွေ အတုယူမမှားစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပေါင်မုန့်တွေကိုသာ အိမ်မှာ ကိုယ်တိုင်လုပ်နေတယ်ဆိုပြီး ပေါင်မုန့်လုပ်ရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားပါသေးတယ်..။

အိမ်မှာသူမကိုယ်တိုင် မုန့်လုပ်နေတဲ့ ပုံလေးတွေနဲ့အတူ "ဆရာဝန်မင်းတမီးအချိုတော်လေးဟာ လူတွေအတုယူမမှားစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပေါင်မုန့်တွေကိုသာ အိမ်မှာကိုယ်တိုင်လုပ်နေပါတယ်နော်..အတုယူကြပါလေး.." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်..။

မီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး လတ်တလော ဝေဖန်တိုက်ခိုက်မှုတွေ ပြင်းထန်စွာ ကြုံတွေ့နေတာနဲ့ ပတ်သက်ပြီး အနုပညာရှင် ပြည်သူတစ်ယောက်အနေနဲ့ သူမကလည်း ခပ်ပါးပါးလေး တုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ်..။

"မီ"ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ မင်းသမီးလျောလေး ပိုင်ဖြိုးသုအတွက် ပရိသတ်တော်တော်များများနဲ့ အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်ကြတာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း သရုပ်ဆောင်မင်းသမီးချောလေး ချစ်သုဝေကိုယ်တိုင်ခမီးမီးလေးတွေအတွက် ကိုယ်တိုင်ကိုယ်ကျ မုန့်လုပ်နေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ။

Photo - ချစ်သုဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။