ယွန်းဝတီလွင်မိုးရဲ့ သားချောလေးဖြစ်တဲ့ Baby Liam လေးကိုတော့ မြင်သူတိုင်းက မချစ်ရမနေနိုင်လောက်အောင် အချစ်ပိုကြမယ် ထင်ပါတယ်။ မွေးစကတည်းက ဆံပင်လေးတွေနက်မှောင်သန်စွမ်းတာကြောင့် အများနဲ့မတူ တစ်မူထူးခြားစွာ ချစ်စရာကောင်းနေသူလေး ဖြစ်ပါတယ်။ ဘိုးဘိုး၊ဘွားဘွား၊ဖေဖေ၊မေမေ၊တီတီတို့အားလုံးရဲ့ လက်ကမချနိုင်အောင် အချစ်ခံနေရတဲ့ Liam လေးက ပရိသတ်တွေရဲ့ အချစ်တော်ကလေးလေးလည်း ဖြစ်ပါတယ် ။

သြဂုတ်လ ၆ ရက်နေ့၊ သြစတေးလျမှာ မွေးဖွားခဲ့တဲ့ Liam လေးက အခုဆိုရင်တော့ အသက် ၃ လ ပြည့်သွားပြီဖြစ်ပြီး နိုဝင်ဘာလ ၁၄ရက်နေ့မှာတော့ ရက်(၁၀၀) တိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် Liam လေးက ကျန်းမာသန်စွမ်းတဲ့ ကလေးလေးအဖြစ် ကြီးပြင်းလာသလို ပါးလေးတွေကလည်း ဖောင်းကစ်ပြီး ပိုချစ်စရာကောင်းလာပါတယ်။ မနေ့က Liam လေးရဲ့ ရက် (၁၀၀) ပြည့်မွေးနေ့လေးမှာတော့ ချစ်ရတဲ့မေမေနဲ့တီတီတို့က ဆုမွန်ကောင်းလေးတွေ တောင်းပေးလိုက်ကြပါတယ်။

မေမေယွန်းကတော့ ''100 days old little liam I love u so much '' ဆိုပြီး သားလေးမွေးစကပုံလေးတွေကို တင်ထားပါတယ်။ ဒါ့အပြင် တီတီယွန်းနဒီလွင်မိုးကလည်း ''he's 100 days old today '' ဆိုပြီး အသည်းယားစရာပုံသစ်လေးတွေကို တင်ထားတာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့သား Liam လေးရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Yunwaddy&Yunnadylm;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။