ပရိသတ်ကြီးရေ တေးရေး၊ တေးဆို လင်းလင်းနဲ့ အဆိုတော်၊သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ မိသားစုလေးက မြင်သူတိုင်းအားကျချင်စရာကောင်းလောင်အောင် သာယာလှပတဲ့ဘဝလေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ဇနီးမောင်နှံရဲ့ အသည်းအချာလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကြောင့် အားလုံးကစိတ်ဝင်တစားနဲ ချစ်ခင်ကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သမီးအမြွှာလေးတွေကလည်း ပရိသတ်အားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားကြပါတယ်။

မွေးကင်းစအူဝဲလေးဘဝကစလို့ အခုအသက်တစ်နှစ်ကျော်လာတဲ့ အရွယ်လေးတွေအထိ ခေတ်လေးနဲ့ သစ်လေးတို့က စကားတွေလည်း တတ်လာသလို ပိုပိုပြီးလည်း အသည်းယားစဖွယ် ချစ်စရာကောင်းလာတာ တွေ့ရပါတယ်။ အခုလည်း ဖေဖေဖြစ်သူနဲ့အတူ သားဖသုံးယောက် ဗီဒီယိုကြည့်နေတာကြောင့် မေမေချစ်သုဝေဆူတာ ခံလိုက်ရလို့ စိတ်ကောက်နေတဲ့ အခွီပုံလေးတွေနဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုထဲမှာ သားဖသုံးယောက်လုံးချစ်ဖို့ အရမ်းကောင်းနေတာလည်းဖြစ်ပါတယ်။

ဗီဒီယိုလေးနဲ့ အတူ "ကိုယ်ပြဌာန်းထားတဲ့ စည်းကမ်းတွေဖျက်ဖို့တချိန်လုံးကြိုးစားနေပါသော ဖေဖေလင်းကာတွန်းကားတောင်မပြတာကို..တီးလိုက်ရလို့"ဆိုတဲ့ စာသားလေးပါဖော်ပြထားတာတွေ့ရပါတယ်။ခေတ်လေး သစ်လေးတို့ရဲ့ ချစ်စရာဗီဒီယိုလေးတွေကလည်း ပြောစရာမလိုအောင် ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် သားဖသုံးယောက်ရဲ့ အခွီဗီဒီယိုဖိုင်လေးနဲ့ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source: Htwe Lynn Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။