နာမည်ကျော်သရုပ်ဆောင် အကယ်ဒမီလွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ဦးဖြစ်သလို သူမရဲ့ သားဦးလေး Liam လေးကလည်း အားလုံးရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေးပါပဲ..။

ပရိသတ်တွေရဲ့ မျက်စိရှေ့မှာပဲ တဖြည်းဖြည်းကြီးလာတဲ့ Baby Liam လေးကတော့ လတ်တလောမှာတော့ အရမ်းတွေလည်း ချစ်ဖို့ကောင်းလာပြီး ရက်(၁၀၀)ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ အသည်းကျော်လေးကတော့ အခုတစ်ခါမှာလည်း အစ်ကိုတွေ အစ်မတွေနဲ့ ဆော့ကစားတတ်နေပြီဖြစ်ပြီး ပျော်နေတဲ့ Liam လေးရဲ့ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျအချစ်ပိုစေပြန်ပါတယ်နော်..။

ရက်တစ်ရက်ပြည့်သွားပြီဖြစ်တဲ့ ပုံရိပ်လေးတွေကိုလည်း မေမေယွန်းဝတီက သူမရဲ့လူမှုကွန်ယက်ကနေ မျှဝေထားသလို ဖွားဖွားမေသူကလည်း ကစားရင်း ပျော်နေတဲ့ မြေးလေး Liam လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ထပ်မံမျှဝေထားပါသေးတယ်..။

ချစ်စရာကောင်းလွန်းတဲ့ Liam လေးကတော့ ပြည်သူပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေနဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားသလို လက်ရှိမှာလည်း ပရိသတ်တွေကြား ရေပန်စားနေတဲ့ အချစ်တော်လေးဆိုလည်း မမှားပါဘူး..။

အခုတစ်ခါမှာတော့ Liam လေးရဲ့ အသက်ရက်(၁၀၀)ပြည့် ပုံရိပ်လေးတွေနဲ့အတူ အစ်ကိုအစ်မတွေနဲ့ ပျော်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ Myanmarload ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မေသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။