အာစီယံဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(က)ရဲ့ပွဲစဉ်ထဲကမြန်မာအသင်းရဲ့ဒုတိယပွဲစဉ်ကိုမနက်ဖြန်မှာလာအိုအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အိမ်ကွင်းအဝေးကွင်းပုံစံသစ်နဲ့ယှဉ်ပြိုင်တာဖြစ်တာကြောင့်လာအိုအသင်းရဲ့အိမ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာနက်ဖြန်ကစားမယ့်ပွဲစဉ်အတွက်ကြိုရောက်နေတာဖြစ်ပြီးလာအိုနိုင်ငံမှာလေ့ကျင့်ခန်းတွေလုပ်နေတာဖြစ်ပါတယ်။
ဒီနေ့မှာတော့နှစ်ဖက်အသင်းရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးမြန်မာအသင်းရဲ့နည်းပြကြီးက"ဒုတိယ ပွဲစဉ်ကတော့
ကျွန်တော်တို့အတွက် ပထမဆုံး အဝေးကွင်းပွဲလည်း ဖြစ်သလို ပထမပွဲနဲ့မတူဘဲ ကွာခြားပါတယ်။ ပြိုင်ပွဲကာလမှာတော့ ကျွန်တော်တို့ ခက်ခဲမယ် ဆိုတာသိပါတယ်။ဒါပေမဲ့လည်း မနက်ဖြန်မှာတော့ မြန်မာအသင်းအတွက် ရလဒ်ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။လက်ရှိအချိန်မှာ စိတ်ဓာတ်အမြင့်ဆုံး ဖြစ်နေသလို ဘာပြသနာမှာလည်း မရှိပါဘူး။ မနက်ဖြန်ပွဲမှာ အောင်သူ ပွဲထွက်မယ် မထွက်ဘူး
ဆိုတာကတော့ ကျွန်တော့်အနေနဲ့ အခုချိန်မှာ မပြောနိုင်သေးဘူး။"ဆိုပြီးပြောသွားခဲ့တာပါ။
ကွင်းလယ်ကစားသမားမောင်မောင်စိုးကလည်း"ကျွန်တော်တို့ အကောင်းဆုံးရလဒ် ရရှိဖို့ ကြိုးစားနေကြပါတယ်။ အသင်းအတွက် ဒုတိယမြောက် အနိုင်(၃)မှတ် ယူဖို့အတွက်ပဲ ဒီကိုလာတာပါ။ လာအိုအသင်းကအရင်ကထက် ပိုပြီးတိုးတက်လာတယ် ဆိုတာအားလုံး သိကြပါတယ်။ ပွဲကတော့ ခက်ခဲမယ်။ ကျွန်တော်တို့ ကြိုးစားပြီး အနိုင်ရလဒ် ယူဆောင်သွားမှာပါ"ဆိုပြီးပြောသွားခဲ့တာပါ။မြန်မာအသင်းနဲ့လာအိုအသင်းရဲ့ပွဲစဉ်ကိုတော့မနက်ဖြန်ည၇နာရီအချိန်မှာလာအိုနိုင်ငံမှာကျင်းပမှာဖြစ်ပြီးပြည်တွင်းရုပ်သံလိုင်းတွေကလည်းပြသသွားမှာဖြစ်ပါတယ်။
SOURCE:MFF
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။