မြန်မာနိုင်ငံမှာ Snow Towel (စနိုးတာဝါ) က လွန်ခဲ့တဲ့ နှစ်တွေများစွာကတည်းက လူတိုင်း သိထားပြီးသား နော်။ ဘယ်လို အခြေအနေမျိုးမှာမဆို စနိုးတာဝါဟာ အသုံးဝင်တာမို့ လူကြိုက်များခဲ့ပါတယ် ခုလည်းများနေဆဲပါပဲ။ ဉာဏ်ကိုလွှာပြီး သုံးလို့ရတယ်ဆိုလို့ တောင်တွေးမြောက်တွေး တွေးမနေနဲ့နော်။ သုံးတတ်ရင် နေရာတိုင်း အသုံးဝင်တယ်ဆိုတဲ့ အကြောင်းလေးပြောချင်လို့ပါ။ ဟုတ်ပါတယ် ဒီပစ္စည်း လေးက ကျန်းမာရေး အတွက်ရော အလှပရေးရာအတွက်ပါ အသုံးဝင်လှပါတယ် ဆိုရင် ယုံမလား။ ဖတ်သာကြည့် လိုက်ပါတော့….

ထိုင်းနိုင်ငံတွင် ၁၉၇၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Nao Global Company Limited ရဲ့ Snow ဆိုတဲ့ နာမည်နဲ့စတင် ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Nao Global က အသစ် အသစ်သော ဖန်တီးမှု တွေနဲ့အတူ လူသားတွေရဲ့ လိုအပ်ချက်များနဲ့အညီ အရည်အသွေးမြင့်သော ထုတ်ကုန်များကို ထုတ်လုပ်ပေးပြီး လက်ရှိအချိန်မှာတော့ “အလွယ်တကူ သန့်စင်ပေးနိုင်တဲ့ ထုတ်ကုန် ဈေးကွက်မှာ” ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက customer တွေအတွက် Nao Global က ထုတ်ကုန်များအနေနဲ့ Snow, Refresh, Nao Terry နဲ့ Nao Easy Cleanse ဆိုပြီး ၄ မျိုးရှိပါတယ်။

နေ့စဉ်ဘဝကို အမြဲလန်းလန်းဆန်းဆန်း ဖြတ်သန်းစေနိုင်ဖို့ လတ်ဆတ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်မဲ့ Snow Towel

အားကစားလိုက်စားပြီး workout လုပ်လေ့ရှိတဲ့ သူမျိုးတွေအတွက် အမြဲလန်းဆန်းတက်ကြွပြီး ပင်ပန်းနွမ်းနယ်မှုတွေ ကင်းဝေးစေတဲ့အပြင် အသစ်တစ်ဖန် ပြန်လည်လန်းဆန်းမှုကို ပေးစွမ်းနိုင်မဲ့ Refresh Towel

လတ်ဆတ်တဲ့ မွှေးရနဲ့နဲ့ အေးမြတဲ့ အထိအတွေ့ကို ခံစားစေနိုင်မဲ့ Nao Towel

မိတ်ကပ်တွေကို အလွယ်တကူဖျက်လို့ရပြီး ထူးခြားတဲ့ ပန်းရနံ့နဲ့အတူ အသားအရေ အစိုဓာတ်ကို ထိန်းသိမ်းပေးထားနိုင်တဲ့အပြင် ဓာတုပစ္စည်းမပါဝင်တဲ့အတွက် အလှကြိုက်တဲ့အမျိုးသမီးတွေအတွက် အထူးသင့်လျော်တဲ့ Nao Easy Cleanse

စတဲ့ ထုတ်ကုန်သစ် (၄) မျိုးကို မြန်မာပြည်က ပရိသတ်တွေအတွက် ထုတ်လုပ်ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဒီထုတ်ကုန်တွေအားလုံးကိုတော့ ရာနှုန်းပြည့် ချည်သားစစ်စစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ကိုယ့်အကြိုက်နဲ့ထပ်တူကျမဲ့ ထုတ်ကုန်တွေကိုလဲ ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်တာမို့ အခုပဲ သွားဝယ်လိုက်ကြပါစို့နော်

Nao တာဝါလေးကို စိတ်ချ လက်ချသုံး ၊ စိတ်ကြိုက်သုံး၊ အဆင်ပြေသလို သုံး၊ နေရာတိုင်းမှာ သုံး၊ ညဏ်ကိုလွှာပြီးသုံး ပါလို့ အကြံပေးလိုက်ပါတယ် နော်။ ခံစားမှု အသစ်၊ ရသ အသစ် နဲ့ လန်းဆန်းမှု အသစ်တွေကိုမှ ခံစားချင်တယ် ဆိုရင်တော့ အခုလို ထုတ်ကုန် အသစ်ဖြစ်တဲ့ စနိုးရဲ့ Nao (နာအို) ထုတ်ကုန်လေးတွေကို မဖြစ်မနေ စမ်းသုံးကြည့်သင့်ပါတယ်။

ဒီစာလေးကို ဖတ်ပြီးရင်တော့ Nao Towel ကို သွားလေရာ ယူသွားလိုက်ကြပါစို့ .…. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။