ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သရုပ်ဆောင် မြင့်မြတ်ကတော့ ဇာတ်ရုပ်မရွေး အကောင်းဆုံး သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး စိတ်ထားကောင်းတဲ့ မြင့်မြတ်ကို အနုပညာအသိုင်းအဝိုင်းသာမက ပရိသတ်တွေကလည်း ချစ်ခင်ကြတာ ဖြစ်ပါတယ်။ ပရိသတ်အပေါ် အမြဲလေးစားတတ်တဲ့ မြင့်မြတ်ရဲ့စိတ်ထားကတော့ ထူးခြားမွန်မြတ်တာကြောင့် အားလုံးကလေးစားနေရတာ ဖြစ်ပါတယ်။

ဖေဖေမြင့်မြတ်က ပရိသတ်အချစ်တော်တစ်ဦးဖြစ်သလို သားလေးကလည်း ပရိသတ်တွေရဲ့အသည်းတုံးလေးအဖြစ် အားလုံးရဲ့အချစ်ခံနေရတာ ဖြစ်ပါတယ်။ ဖေဖေမြင့်မြတ်ရဲ့သားလေးဖြစ်တဲ့ ဂျူနီယာမြင့်မြတ်လေးကတော့ အခုဆိုရင် အသက် (၃) လကျော်ရှိနေပြီဖြစ်ပြီး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ တကယ့်ကိုချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း ဂျင်းကောင်ပေါက်စလေးက ဖခင်ဖြစ်သူရဲ့ခြေရာကို အမှီလိုက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဂျင်းကောင်ပေါက်စလေးက photo shooting လေးတစ်ခုကို ချစ်စရာပုံစံမျိုးစုံနဲ့ စတင်ရိုက်ကူးခဲ့ရပါတယ်။ ကင်မရာမန်းတွေရဲ့ ရိုက်ချက်အောက်မှာ ဂျင်းကောင်လေးကတော့ မင်းသားလေးတစ်ယောက်အဖြစ် ပါဝင်ပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖေဖေမြင့်မြတ်ကတော့ သားလေးကကို " မင်းသားကြီး ဖြစ်နေပါပြီနော်" ဆိုပြီး ပုံလေးတွေကို တင်လိုက်တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်သားလေးရဲ့ ချစ်စရာရှုတင်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: မြင့်မြတ် ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။