ကောင်းမြတ်စံကတော့ ယခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာပြသနေတဲ့ နှလုံးသားနဲ့အရင်းအနီးဆုံး ဆိုတဲ့ဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားလေးတစ်လက်ပဲဖြစ်ပါတယ်။

ကောင်းမြတ်စံဟာ အနုပညာကို ဝါသနာထုံလှသူတစ်ဦးဖြစ်တဲ့အပြင် ပါးနှစ်ဖက်မှာပေါ်လွင်လှတဲ့ ပါးချိုင့်လေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးမှုကိုရရှိထားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။  

မနေ့ကဆိုရင်လည်း ကောင်းမြတ်စံဟာ အနုပညာရှင်လင်းဇာနည်နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံလေးတစ်ပုံကို လူမှုကွန်ယက်ပေါ်တင်ပြီး ပရိသတ်တွေကို အရွှန်းဖောက်ခဲ့ပါသေးတယ်။

ကောင်းမြတ်စံကတော့ ယခုပုံရိပ်လေးကို ယောက္ခမကြီးနဲ့ အဆင်ပြေပြီ ဘယ်အချိန်ထဖောက်မယ်မသိ စကားပြောကတော့ချောနေပြီ အယ်လယ့်ဆိုတဲ့ caption လေးနဲ့တင်ပေးလာခဲ့တာကြောင့် တချို့ပရိသတ်တွေက အံသြမှင်သက်သွားခဲ့ရသလို အမှန်ကိုသိတဲ့ပရိသတ်တွေကလည်း သူတို့မရယ်ဘဲမနေနိုင်တော့ဘူးဆိုတဲ့ ကွန့်မန့်လေးတွေကို ဒီpost လေးရဲ့အောက်မှာပေးခဲ့ကြပါတယ်။  

အမှန်တကယ်တော့ ဒီပုံလေးဟာ ရိုက်ကွင်းတစ်ခုမှာ အတူတွဲရိုက်ကူးထားတဲ့ပုံရိပ်လေးတစ်ခုဖြစ်သလို ကောင်းမြတ်စံဟာ ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့စိတ်လေးနဲ့ အရွှန်းဖောက်ပြီးတင်ပေးလာတဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်။

အားလုံးကိုပျော်ရွှင်စေချင်တဲ့စိတ်ကလေးနဲ့ အရွှန်းဖောက်ခဲ့တဲ့ ပါးချိုုင့်လေးနဲ့မင်းသားလေး ကောင်းမြတ်စံကို အမြဲအားပေးနေကြမယ်မဟုတ်လားပရိသတ်ကြီးရေ။ 

source - Kaung Myat San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။