2018 Myanmar Got Talent ပြိုင်ပွဲမှာ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ လင်းမော်ကွန်းကိုတော့ အားလုံးမှတ်မိနေအုန်းမယ်ထင်ပါတယ်။ လင်းမော်ကွန်းကတော့ MGT 05 နံပါတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဖိုင်နယ်အဆင့်ထိတက်လှမ်းနိုင်ခဲ့သူတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။ ပြိုင်ပွဲအတွင်း သူ့ရဲ့ အကောင်းဆုံးပညာတွေကို ထုတ်ဖော်ပြသခဲ့ပြီး အမိုက်စား Talent တွေနဲ့အကောင်းဆုံးပြိုင်ပွဲဝင်တွေထဲကတစ်ဦးလည်းဖြစ်ခဲ့တာတွေ့ရပါတယ်။ 

လင်မော်ကွန်းကတော့ သင်္ဃန်းကျွန်းမြို့မှာနေထိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိဒုတိယတန်းကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ လိမ္မာတဲ့သားတစ်ယောက်ဖြစ်တဲ့အပြင် မိဘတွေရဲ့ အချစ်ရဆုံးသားတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မကြာသေးမီက လင်းမော်ကွန်ကတော့ ယာအလုပ်တွေကို လုပ်ဆောင်နေတဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်ပြသထားတာတွေ့ရပါတယ်။ 

အဆိုပါ ပုံရိပ်လေးတွေကတော့ လင်းမော်ကွန်းနှင့် ညီဖြစ်သူတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေဖြစ်ပြီး မြန်မာ့ရိုးရာကျေးလက်ဒေသတွေမှ နေ့စဉ်လုပ်ဆောင်မှုပုံရိပ်လေးတွေကို သရုပ်ပြလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေဖြစ်သလို အနာဂတ်မှာထွန်းတောက်လာမယ့် သူရဲ့ကောင်းလေးတွေဆိုလည်းမှားမယ်မထင်ပါဘူး။ ပရိသတ်အချစ်တော် Myanmar Got Talent သူရဲကောင်းလေး လင်းမော်ကွန်းရဲ့ ဒီကနေ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Lin Mawkon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။