စိုးညီအစ်မဆိုပြီး ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်တွေကတော့ အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ကိုယ်စီအခိုင်အမာရရှိထားကြသူတွေပါပဲ..။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိထားကြသလို စည်းလုံးပြီး ချစ်စရာကောင်းတဲ့ သူမတို့ညီအစ်မတွေရဲ့ ကြည်နူးပျော်ရွှင်စရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုသဘောကျစေတာလည်း တွေ့ရပါတယ်..။

ဒါဒါလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးချော စိုးမြတ်နန္ဒာကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ အမြဲမျှဝေလေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေသူဖြစ်သလို ပရိသတ်တွေကလည်း ယနေ့အချိန်ထိ အားပေးချစ်ခင်နေကြတာလည်း တွေ့ရပါတယ်..။

အဆိုတော်သရုပ်ဆောင် စိုးသူနဲ့ချစ်သူတွေဖြစ်ပြီးနောက်ပိုင်း ဝေဖန်တိုက်ခိုက်မှုတွေ မျိုးစုံကြုံတွေ့ခဲ့ရပေမယ့် သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ ဒါဒါနဲ့စိုးသူတို့စုံတွဲလေးကတော့ လတ်တလောမှာလည်း ညီမလေးဒီးဒီးတို့ ဇနီးမောင်နှံလေးနဲ့အတူ KTV မှာ သီချင်းအပန်းဖြေရင်း ပျော်ရွှင်စရာအမှတ်တရလေးတွေကိုလည်း ဖန်တီးခဲ့ကြပါသေးတယ်..။

ပျော်ရွှင်ရင်း ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း “မနေ့ကည... စားကြ သောက်ကြ မိုက်ခဲကြတဲ့ ည..” ဆိုပြီး ဒါဒါက သူမတို့ရဲ့ ပျော်ရွှင်စရာအမှတ်တရ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

လွတ်လွတ်လပ်လပ်ပျော်ခဲ့ကြတဲ့ သူမတို့တွေရဲ့ ပျော်ရွှင်စရာ အမှတ်တရအချိန်လေးတွေကလည်း ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေပြီး ကြည်နူးစေတာမို့ ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စိုးမြတ်နန္ဒာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။