အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်ပါတယ်။ ကိုရီးယားမင်းသားလို စတိုင်ဒီဇိုင်းတွေကြောင့် လူကြိုက်များနေတဲ့ ပိုင်တံခွန်က မိန်းကလေးပရိသတ်တွေရဲ့ အထူးတလည် အားပေးချစ်ခင်ခြင်းခံနေရသူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က နာမည်ရမင်းသားတစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ပြီး ထုတ်ဖော်ပြောပြလေ့မရှိတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေက အမြဲလိုလို စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ကိုမထိတထိလေး စနောက်ကစားလေ့ရှိတဲ့ ပိုင်တံခွန်က ကောင်မလေးတစ်ယောက်နဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ စုံတွဲပုံရိပ်လေးတွေကို အသစ်တင်လိုက်တာ တွေ့ရပါတယ်။ "ကိုယ်ပိုင်ကမ္ဘာငယ်လေး" ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပိုင်တံခွန်က စုံတွဲပုံလေးကို တင်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီပုံလေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သဝန်တိုခြင်းနဲ့ မေးခွန်းထုတ်ခြင်းခံရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပိုင်တံခွန်က သူတင်လိုက်တဲ့ခေါင်းစဉ်လေးက လက်ရှိမှာရိုက်ကူးနေတဲ့ သီချင်းဗီဒီယိုလေးရဲ့နာမည်လေးဖြစ်ကြောင်း ပြန်လည်ရှင်းပြလိုက်ရပါတယ်။ ဒီဗီဒီယိုလေးကတော့ အဆိုတော်မိုးထက်ရဲ့သီချင်းဗီဒီယိုလေးဖြစ်ပြီး မကြာခင်မှာအသစ်ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်တို့နှစ်ယောက်ရဲ့ Romantic ဆန်ဆန်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။