MRTV-4 မှ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေကို မှာ ပါဝင်သရုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးကတော့ နန်းစန္ဒာလှထွန်း ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ ကာရိုက်တာလေးတွေနဲ့ အရမ်းကိုလိုက်ဖက်တဲ့ နန်းဟာဆိုရင် ပုရိသတွေရဲ့ အသည်းတွေကို ညို့ယူဖမ်းစားနိုင်သူလေးပဲ ဖြစ်ပါတယ်။

MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်တဲ့ အရိပ် ဇာတ်လမ်းတွဲမှာလည်း ယဉ်ကျေးသိမ့်မွေ့ ပြီး မြန်မာဆန်လွန်းတဲ့ အလှကြောင့် ပရိတ်သတ်တွေကို ဆွဲဆောင်မှုတွေဖြစ်စေတဲ့ ဇာတ်ကောင်တစ်ဦးပဲ ဖြစ်ပါတယ်။ ယခုလက်ရှိ ထုတ်လွှင့်ပြသလျက်ရှိတဲ့ နှလုံးသား နှင့် အနီးဆုံးရုပ်ရှင်ဇာတ်ကားမှာလည်း မတူညီတဲ့ပုံစံလေးနဲ့ ပရိတ်သတ်တွေကို ထပ်ပြီး ဖမ်းစားထားနိုင်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နန်း တစ်ယောက် သူမချစ်တဲ့ ဇာတိမြေလေးကို အလည်ပြန်ရင်း ပျော်ရွှင်စရာပွဲတော်တွေကို ပါဝင်ဆင်နွှဲခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာတင်ထားတာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ နန်းကတော့ အရမ်းကိုလှတဲ့ တောင်တန်းတွေကြားမှာ ချစ်စရာရိုးရာဝတ်စုံလေးကို တမြတ်တနိုးဝတ်ပြီး အပြစ်ကင်းတဲ့ အပြုံးလေးတွေနဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Source:Nan Sandar Hla Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။