ပရိသတ်တွေနေထိုင်တဲ့ လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာဆိုရင် လောကဓံကိုလွယ်လွယ်နဲ့ အရှုံးပေးကြသူတွေလည်းရှိကြသလို နောက်ဆုံးအချိန်ထိ ရင်ဆိုင်သွားကြတဲ့ သူတွေလည်းရှိကြမယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ အချိန်အနည်းငယ်ကဆိုရင်လည်း ထိုင်းနိုင်ငံမှာဆေးကုသမှုခံယူနေတဲ့ နော်ဝေနိုင်ငံသားတစ်ဦးဟာ လောကဓံကိုအရှုံးပေးပြီး မိမိကိုယ်ကိုယ် ဆွဲကြိုးချပြီးသေဆုံးသွားခဲ့ပါတယ်။  

သို့ပေမယ့် ဒီအမျိုးသားဟာ သူသေကြောင်းမကြံစဉ်ခင်မှာ သေတမ်းစာတစ်စောင်ကို ရေးသားထားခဲ့ပါတယ်။

ဒီသေတမ်းစာထဲမှာတော့ သူဟာဆီးကျိတ်ကင်ဆာရောဂါ ခံစားနေရသူတစ်ဦးဖြစ်တာကြောင့် ဆေးဝါးတွေရဲ့အကူအညီနဲ့ အသက်ရှူရ ၊ အစားစားတွေစားသောက်ရတာတွေကို ဆက်ပြီးမလုပ်နိုင်တော့ပါဘူး ။သူ့အနေ့နဲ့ ဒီလိုဘဝကြီးနဲ့အသက်ဆက်ရှင်နေရတာဟာ အရမ်းပင်ပန်းလှတာကြောင့် သေကြာင်းကြံစည်ခဲ့တာဖြစ်တယ်လို့ ရေးသားထားခဲ့ပါတယ်။ 

ဘယ်သူမဆို မိမိရဲ့ခံနိုင်အားနဲ့မမျှတဲ့ ဒုက္ခတွေကို ခံစားရလာပြီဆိုရင်တော့ တစ်ခါတရံမှာ လောကကြီးကို အရှုံးပေးပြီး ထွက်သွားချင်တဲ့စိတ်တွေကတော့ ဖြစ်မိကြပါတယ်။

သို့ပေမယ့် မိမိကိုယ်တိုင် sucide လုပ်ပြီးထွက်သွားတာမျိုးမဟုတ်ဘဲနဲ့ ကံကြမာကထွက်သွားခွင့်ပေးတဲ့အချိန်မှထွက်သွားတာက နောင်ဘဝအတွက်ပိုပြီးအထောက်အကူဖြစ်စေတာပဲဖြစ်ပါတယ်။

ယခုဖြစ်ပေါ်ခဲ့တဲ့ သေကြောင်းကြံစည်မှုဖြစ်ရပ်ဟာဆိုရင်လည်း

သူအခုလိုသေကြောင်းကြံစည်တာမျိုးဟာ အပြစ်ဆိုရအောင်လဲခက်သလို အကောင်းပြောလို့ကလည်းခက်တဲ့ သေကြောင်းကြံစည်မှုတစ်ခုပဲဖြစ်ပါတယ်။  

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။