အနုပညာအလုပ် ကို လုပ်ကိုင်ရင်း လူသိများ နာမည်ကြီးလာပေမဲ့လည်း ယနေ့တိုင်အောင်မြင်နေဆဲ ဝါရင့်သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ သူမရဲ့ အနုပညာအလုပ်တွေထက် ပရဟိတရေးရာအလုပ်တွေကို ပိုလို့ အားပြုလုပ်ဆောင်နေတာကို တွေ့ရမှာပါ။ သူမကို မင်းသမီး တစ်ယောက်လို ဆိုတာထက် လူထုအတွက် အကောင်းဆုံး တတ်အားနိုင်သလောက် ကြိုးစားပေးနေတဲ့ ပရဟိတမိန်းမသားတစ်ယောက်လို့ ဆိုနိုင်သလို ပြည်သူလူထုရဲ့ ရေဘေး၊ လေဘေး၊ လူမှုရေး၊ ကျန်းမာရေး နဲ့ သက်ငယ်မုဒိန်းမှုပပျောက်ရေး စသဖြင့်မြန်မာနိုင်ငံသားဖြစ်တဲ့ ပြည်သူလူထုတိုင်းကို တစ်ဖက်တစ်လှမ်းကနေ အပူမီးငြိမ်းအောင် အေးချမ်းစေချင်သူဖြစ်ပါတယ်။

သူမကိုချစ်ကြတဲ့ ပရိသတ်တွေပါဝင်တဲ့ We love ခိုင်နှင်းဝေ အဖွဲ့တွေ နဲ့ အတူလည်း လုပ်အားပေးကုသိုလ်ပြုလေ့ရှိသလို ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်းကို ဖွဲ့စည်းခဲ့ပြီး ဒုက္ခရောက်နေတဲ့ လူသားတိုင်းကို မင်းသမီး ခိုင်နှင်းဝေဆီသာ အကူအညီ သွားတောင်းမယ် ဆိုရင် သူမကတော့ မဖြစ်၊ ဖြစ်တဲ့ နည်းနဲ့ကို ကူညီချင်သူပါ။ အနုပညာသည် အချင်းချင်းရိုင်းပင်ကူညီတတ်သူဖြစ်သလို ဟာသသရုပ်ဆောင် ကစ်ကစ် ဆေးရုံတက်နေရချိန်မှာလည်း သူမကိုယ်တိုင်ပါဝင်ဦးဆောင်လို့ အနုပညာမောင်နှမတွေဆီက အလှူငွေကောက်ခံပြီး ဆေးရုံထိ သွားရောက်လှူခဲ့ပါသေးတယ်။

ငွေကြေးမတတ်နိုင်တဲ့ မိခင်နဲ့ သက်ကြီး ရွယ်အိုတွေကိုလည်း အိမ်တိုင်ရာရောက် စားသောက်ဖွယ်ရာ နဲ့ တကွ ငွေကြေးအဆုံး ကူညီပေးခဲ့သလို တကယ့်ကို စိတ်စေတနာ မွန်မြတ်သူ ပရဟိတမင်းသမီးဖြစ်ပါတယ်။ သူမရဲ့ ချွေးနည်းစာနဲ့ ပြုလုပ်ထားတဲ့ ကြာပန်းပုံ ရွှေလော့ကဒ်လေးကိုလည်း ညောင်ဝိုင်းကျောင်းတိုက်မှာ စေတီတော် ဌာပဏာတော်ပိတ်ပွဲ အခမ်းအနားရဲ့ ဌာပဏာထဲမှာ လှူဒါန်းကာ ရေစက် ချအမျှပေးဝေခဲ့သလို သူမဟာ ဘယ်တိရစ္ဆာန်ကို ကြောက်ရွ့ခြင်း မရှိသလို သတ္တဝါတိုင်း ကို မေတ္တာထားတတ်သူဖြစ်ပါတယ်။ " ကျွန်မ သူတို့ကိုလည်း အန္တာရယ်မပြုဖူး ရန်မမူဘူး၊ မိတ်ဆွေတို့ လက်ခံမလားတော့မသိဖူး ဘယ်လိုဆိုးတဲ့ တိရိစ္ဆာန်တွေဖြစ်ပါစေ သူတို့ နားလည်နိုင်စွမ်း မရှိဖူး ဆိုပေမယ့် သူတို့ကို တကယ် စိတ်ထဲအေးအေးချမ်းချမ်း ဆက်ဆံကြည့် သူတို့ရန်မူလေ့မရှိဘူး " လို့ ဆိုထားပြီး အဖြူရောင် စပါးအုံးမြွေကြီးကို မကြောက်မရွံ ရစ်ပတ်ပွေ့ဖက်ထားတဲ့ ပုံလေးတွေကို ပါ မျှဝေထားတာမို့ ဖော်ပြလိုက်ပါတယ်။

source:Khine Hnin Wai ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။