အနုပညာလောကမှာ အက်ရှင်မင်းသမီးတစ်ယောက်အဖြစ် လူသိများတဲ့ ခွန်းဆင့်နေခြည် ကတော့ ပရိသတ်တွေ သိပြီဖြစ်မှာပါနော် ။

တခြားမင်းသမီးတွေနဲ့မတူ ဘဲ ဖောက်ထွက်နေတဲ့ အက်ရှင်ကားတော်တော်များများကို သရုပ်ဆောင်ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှု တွေရရှိခဲ့တာပါ ။

မကြာသေးမီကမှ ရုံတင်ပြသခဲ့တဲ့ သူမရဲ့ မှော်ဝင်သမန်းကျားဆိုတဲ့ ရုပ်ရှင်ကားကြီး ကလည်း ပရိသတ်အားပေးလက်ခံမှု အပြည့်အ၀ ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ ။

လတ်တလောမှာတော့ သူမဟာ ခန္ဓာကိုယ်တွေ နာကျင်ခံပြီး ဇာတ်ကားကောင်း တစ်ကောင်း ရဖို့ပံ့ပိုးကူညီပေးကြရတဲ့ လူကြမ်းသရုပ်ဆောင်တွေကို လှူဒါန်းမှုတွေပြု လုပ်ခဲ့ ပါတယ် ။ ဒုတိယအကြိမ် သက်ကြီးလူကြမ်းသရုပ်ဆောင်များ အားကန်တော့ပွဲအခမ်းအနား မှာ ငွေ တစ်ဆယ့်ခြောက်သိန်းလှူဒါန်းခဲ့ပါတယ် ။ တကယ်ကို ဇာတ်ကားကောင်းတစ်ကား ဖြစ်လာဖို့ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးခဲ့တဲ့ မေ့လျော့ခံလူတန်းစားတွေ အတွက် ခုလို လှူဒါန်းပေးတာ တကယ်ကိုလေးစားစရာပါဘဲ ပရိသတ်ကြိးရေ ..။

အခုလို စိတ်ထားကောင်း ၊ ကုသိုလ်ရေးမှာ လက်မနှေးတတ်တဲ့ ခွန်းဆင့်ရဲ့ အချိန်ကုန် လူပင်ပန်းခံပြီး အခက်ခဲတွေအများကြီးကျားက ရိုက်ကူးခဲ့ရပြီး အသက်နဲ့ရင်းပြီး ကြိုးစား သရုပ်ဆောင်ခဲ့တဲ့ ခွန်းဆင့်ရဲ့ မှော်ဝင် သမန်းကျား ရုပ်ရှင် ကားကြီး ကိုလည်း ပရိသတ် တွေ အားပေးလိုက်ကြပါဦးနော် ။ ခွန်းဆင့်ရဲ့အလှူအတွက်သာဓုခေါ်နိုင်ဖို့အလှူပုံရိပ်တွေကို ချစ်ပရိသတ်ကြီးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khoon Sint Nay Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။