မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ရဲ့ဆူဇူကီးဖလားပြိုင်ပွဲအတွက်လက်မှတ်တွေကိုတော့ဒီနေ့နဲ့မနက်ဖြန်မှာစတင်ရောင်းချနေပြီဖြစ်ပါတယ်။လက်မှတ်စတင်ရောင်းချတဲ့နေ့မှာပဲပရိတ်သတ်တွေကတစ်ခဲနက်ကြိတ်ကြိတ်တိုးဝာယ်ယူနေကြတာဖြစ်ပါတယ်။မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းဟာ နိုဝင်ဘာ ၂၀ ရက်၊ ည ၆း၀၀ နာရီအချိန်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း အရေးပါတဲ့ ဆူဇူကီးဖလား အုပ်စုပွဲစဉ်အဖြစ် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ မြန်မာ-ဗီယက်နမ်ပွဲအတွက် ကြိုတင်လက်မှတ်တွေကို နိုဝင်ဘာ ၁၅ နဲ့ ၁၆၊ မွန်းတည့် ၁၂း၀၀ နာရီကနေ ည ရး၀၀ နာရီထိ လှည်းတန်းစင်တာမှာ စတင်ရောင်းချပေးနေတာဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ပွဲဟာမြန်မာအသင်းအတွက်အုပ်စုတက်ဖို့အဆုံးဖြတ်ပေးနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ဗီယက်နမ်အသင်းကတော့လက်ရှိအချိန်မှာလာအိုအသင်းကိုဂိုးပြတ်အနိုင်ယူထားတာဖြစ်ပါတယ်။နက်ဖြန်မှာတော့ဗီယက်နမ်အသင်းကနာမည်ကြီးမလေးရှုားအသင်းကိုအိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းကလည်းနက်ဖြန်လာအိုအသင်းနဲ့ကန်ရမှာဖြစ်ပြီးမဖြစ်မနေအနိုင်ယူဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာအိမ်ကွင်းပွဲစဉ်၂ပွဲကစားရမှာဖြစ်ပြီးပထမဆုံးအိမ်ကွင်းပွဲစဉ်ကိုမန္တလာသီရိကွင်းမှာကျင်းပခဲ့ပြီးကွင်းလုံးပြည့်ပရိတ်သတ်တွေလာရောက်အားပေးခဲ့ကြတာပါ။၁၂ယောက်မြောက်ကစားသမားလို့တင်စားခံရတဲ့မြန်မာအသင်းပရိတ်သတ်တွေကတော့ဗီယက်နမ်နဲ့ပွဲမှာလည်းကွင်းလုံးပြည့်လာရောက်အားပေးဖို့မျှော်နေကြတာပါ။ ဗီယက်နမ် ပရိသတ်တွေလည်း ထောင်နဲ့ချီ လာကြမှာဖြစ်တဲ့အတွက် ဒီတစ်ခါ ပွဲစဉ်မှာ မြန်မာပရိသတ်တွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အားပေးကြရအောင်ခင်ဗျာ။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။