နိုဝင်ဘာ(၉) ရက်နေ့ကနေ သဘာဝအလျောက် စတင်လောင်ကျွမ်းခဲ့တဲံံ ကယ်လီဖိုးနီးယားရဲ့ တောမီးလောင်မှုကြောင့် ကယ်လီဖိုးနီယားပြည်နယ် တောင်ပိုင်းရဲ့ မြို့ကြီးဖြစ်တဲ့ Malibu မြို့ရဲ့ တောမီးလောင်မှုကြောင့် လူပေါင်း(၂၀၀၀၀) ကျော် နေအိမ်တွေကို စွန့်ခွာပြေးခဲ့ရပါတယ်။မီးလောင်မှုကြောင့် တောင်ပိုင်းကယ်လီဖိုးနီးယားမှာ လူ(၂) ယောက်၊ မြောက်ပိုင်းကယ်လီဖိုးနီယားမှာ လူ(၉) ယောက် စုစုပေါင်း(၁၁) ယောက် သေဆုံးခဲ့ကြောင်း နိုဝင်ဘာလ(၁၁) ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပြီး သဘာဝအလျောက်ဘေးမဲ့ နေထိုင်ကြတဲ့ တောရီုူင်းတိရစ္ဆာန် တချို့ပါ မီးထဲ လောင်ကျွမ်းခဲ့ရပါတယ်။

အားကြီးလွန်းတဲ့ တောမီးကြောင့် Malibu မြို့ရဲ့ ပတ်လည် စတုရန်းမိုင်ပေါင်း(၂၀၀) ဝန်းကျင်ခန့်ကို နာရီပိုင်းအတွင်းမှာ ကို ဝါးမျိုခဲ့ပြီး ကယ်လီဖိုးနီးယားမှာ အများဆုံးနေထိုင်ကြသူတွေဟာ ကမ္ဘာကျော် နိုင်ငံကျော်ဆယ်လီတွေ အများဆုံးသလို တောမီးလောင်ကျွမ်းစဉ်မှာ နေအိမ်ကနေ တန်ဖိုးရှိတာဘာကိုမှ မယူနိုင်ပဲ အသက်ဘေးကလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ ကမ္ဘာကျော် အဆိုတော်၊ မော်ဒယ်လ်၊ သရုပ်ဆောင် ဆယ်လီတွေဖြစ်ကြတဲ့ Miley Cyrus ၊ Lady Gaga ၊ Caitlyn Jenner ၊အဆိုတော် Kanye West နဲ့ မော်ဒယ်လ် Kim Kardashian တို့ ဇနီးမောင်နှံ၊ အပြင် သရုပ်ဆောင် Martin Sheen ၊့ Guillermo del Toro တို့ဟာ သူတို့ရဲ့ သန်းပေါင်းများစွာ နှစ်နဲ့ချီ စုဆောင်းရရှိထားတဲ့ အနုပညာကြေးတွေကနေ ဝယ်ယူထားကြတဲ့ တန်ဖိုးကြီးအိမ်ယာတွေကို ဘာမှဂရုမစိုက်နိုင်ပဲ ပစ်ကာပြေးခဲ့ရပါတယ်။

Miley Cyrusရဲ့ အမေရိကန်ဒေါ်လာ( 22 millions) သန်းကျော် တန်ဖိုးရှိတဲ့ အိမ် နဲ့ Lady Gagaရဲ့ အမေရိကန် ဒေါ်လာ( 23millions )သန်း တန်ဖိုးရှိအိမ် တို့ဟာ တောမီးထဲမှာ (100%) မီးထဲမှာ လောင်ကျွမ်းပျက်စီးသွားခဲ့ရပြီး အဆိုတော် Kanye West နဲ့ မော်ဒယ်လ် Kim Kardashian တို့ရဲ့ တည်ဆောက်ပြီး (၁) နှစ်သာရှိသေးတဲ့ အမေရိကန်ဒေါ်လာ(20 Millions) တန်ဖိုးရှိတဲ့ အိမ်ကြီး ကိုလည်း တောမီးတွေ လောင်ကျွမ်းကူးစက်ခဲ့သလို ၊ Caitlyn Jennerရဲ့ အမေရိကန်($3.5 million) သန်း တန်ဖိုးရှိ အိမ်ကြီးကလည်း 80% လောက်ကို မီးလောင်ကျွမ်းသွားခဲ့ပါတယ်။  

အဆိုတော် Britney Spears (အမေရိကန်ဒေါ်လာတန်ဖိုး $18.9Millionsရှိ ) အိမ်ကြီးကို ပစ်ကာ သားတွေခေါ်ပြီး ထွက်ပြေးခဲ့ရသလို ကယ်လီဖိုးနီးယား တောမီးလောင်မှုကြောင့်း အဆိုတော် Miley Cyrusနဲ့ ချစ်သူ မင်းသား Liam Hemsworth တို့ အတူနေထိုင်တဲ့ တန်ဖိုးရှိအပန်းဖြေအိမ်ကြီးကို ကိုယ်တိုင်ကလည်း ပျက်စီးဆုံးရှူံးခဲ့ရသော်လည်း Miley Cyrusနဲ့Liam Hemsworth တို့ကတော့ မီးလောင်မှုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကယ်လီဖိုးနီးယားမီးဘေးဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ (5 millions)သန်းကို Mileyရဲ့ လူမှုအဖွဲ့အစည်းဖြစ်တဲ့ "Happy Hippie Foundation" ကနေ ပြန်လည် လှူဒါန်းခဲ့ပါတယ်။

source: https://www.10tv.com/ & World Music Awards 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။