ပရိတ်သတ်တွေရဲ့ အသည်းကျော်ကြီးဖြစ်တဲ့ သက်မွန်မြင့်ဟာဆိုရင် ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာတော့ မသိတဲ့သူမရှိအောင် ပရိတ်သတ်တွေ အရမ်းကိုများပြီး အချစ်ကြီး ချစ်ကြတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားတဲ့ ချစ်သက်ကတော့ ပရိတ်သတ်တွေက လေးစား အားကျရသူလေး တစ်ဦးပဲ ဖြစ်ပါတယ်။

သာယာပျော်ရွှင်စရာကောင်းတဲ့ ချစ်သက်တို့်မိသားစုလေးဟာဆိုရင် ပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေကြတဲ့ အနုပညာမိသားစုထဲ က တစ်စုပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လိမ္မာတဲ့ သားလေး အားချစ်နဲ့ သမီးလေး လဝန်းတို့ကြောင့် ချစ်သက် တစ်ယောက် အချစ်တွေပိုလို့ နေရပါတယ်။ အားချစ် နဲ့ လဝန်းလေးကတော့ ချစ်သက်ရဲ့ ပရိတသတ်တွေ အတွက်တော့ အချစ်တုံးလေးတွေ ဖြစ်မှာ အမှန်ပါ။

သားလေး အားချစ်က မေမေ့ကို ချွဲသလောက် သမီးလေး လဝန်းကတော့ အရွယ်လေးနဲ့မလိုက်အောင် မေမေ့ အပေါ်သိတတ်နားလည်သူလေးပဲ ဖြစ်ပါတယ်။ သမီးလေး လဝန်းက အရမ်းသိတတ်နားလည်လွန်းလို့ ချစ်သက်က "သူက...... သမီး မဟုတ်ဘူး အမေ.. မွန့် အမေ တတ်လွန်း သိလွန်း ဆရာလုပ်လွန်း လူကြီး ဆန်လွန်းလို့ ဒါ ၂ နှစ်မပြည့်သေး " ဘူးဆိုပြီး ချစ်စရာစကားလေးလို့ ဆိုခဲ့ပါတယ်။

Source:Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။