ပိုပိုကတော့ မြင်တွေ့ရလိုက်တာနဲ့ ပရိသတ်တွေ အသည်းတယားယားဖြစ်သွားစေနိုင်တဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့အမူအရာလေးတွေကအစ နှုတ်ခမ်းလေးလှုပ်ပြီးစကားပြောပုံလေးတွေကတောာင် cute ဖြစ်လွန်းတာကြောင့် သူမကိုကြွေနေကြတဲ့ ပုရိသတွေကတော့ အများကြီးမှအများကြီးပါပဲ။

မနေ့ကဆိုရင်လည်း ပိုပိုဟာ မိကျောင်းမွေးမြူရေးစခန်းလေးတစ်ခုဆီကိုသွားပြီး မွေးမြူထားတဲ့မိကျောင်းတွေကို အစားအစာလေးတွေသွားရောက်ကျွေးမွေးခဲ့ပါတယ်။

ဒါ့အပြင် ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ပိုပိုဟာ ကြောက်စရာကောင်းလှတဲ့ မိကျောင်းတွေကို အပြုံးမပျက်ဘဲကိုင်ပြခဲ့တဲ့အပြင် အနမ်းလေးတွေပါပေးခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ ပုစိပုစိလေးတွေနဲ့ အစုလိုက်အပြုံလိုက် ရှိနေတဲ့မိကျောင်းတွေဘေးနားမှာ သူတို့ချစ်ရတဲ့ idol လေးရှိနေတဲ့အတွက် အရမ်းကိုစိတ်ပူခဲ့ကြပေမယ့် သူတို့ချစ်ရသူလေးပျော်နေတော့ သူတို့ပါလိုက်ပျော်ခဲ့ကြပါတယ်။

ဒါနတရားနဲ့ပတ်သတ်လာရင် သတ္တဝါတွေအပေါ်မှာ အရမ်းကို ပိုပိုကတော့ သူမတတ်နိုင်တဲ့အားလေးနဲ့ မိကျောင်းသတ္တဝါလေးတွေကို အစာကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရော မိကျောင်းလေးတွေကို အစာကျွေးပြီး အပြုံးမပျက်ဘဲကိုင်ပြနေတဲ့ ကိုယ့် idol ပုံလေးတွေကြည့်ပြီး အသည်းမယားကြဘူးလား။

source - po po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။