ဆူဇူကီးပြိုင်ပွဲအုပ်စု(က)ကြီးရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လာအိုအသင်းနဲ့မြန်မာအသင်းတို့ပွဲစဉ်ကတော့ဒီည(၇)နာရီမှာလာအိုအသင်းရဲ့အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီးအဖွင့်ပွဲမှာတော့ကမ္ဘောဒီးယားအသင်းကိုအိမ်ကွင်းမှာဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။လာအိုအသင်းကတော့တတိယမြောက်ပွဲစဉ်ဖြစ်ပြီးရှေ့နှစ်ပွဲမှာတော့မလေးရှားနဲ့ဗီယက်နမ်အသင်းတို့ကိုဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လာအိုအသင်းကတော့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးယှဉ်ပြိုင်ကစားမှာဖြစ်တာကြောင့်မြန်မာအသင်းအတွက်တော့ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။မြန်မာအသင်းကတော့အုပ်စုတက်ဖို့အတွက်ဒီနေ့ပွဲကိုအနိုင်ကစားရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဗီယက်နမ်အသင်းနဲ့မလေးရှားအသင်းတို့ယှဉ်ပြိုင်မှာဖြစ်တာကြောင့်မြန်မာအသင်းကလာအိုအသင်းကိုအနိုင်ရဖို့လိုအပ်နေတာပါ။

မြန်မာအသင်းဟာကမ္ဘောဒီးယားနဲ့ပွဲမှာဂိုးပြတ်အနိုင်ယူခဲ့တာကြောင့်စိတ်ဓာတ်အမြင့်ဆုံးအချိန်မှာရှိနေတာဖြစ်ပါတယ်။မနေ့ကသတင်းစာရှင်းလင်းပွဲမှာတော့နည်းပြကြီးကအောင်သူကိုပွဲချိန်ပြည့်ထုတ်သုံးဖို့မသေချာကြောင်းကိုလည်းပြောထားတာပါ။ဒီနေ့ပွဲကိုအကောင်းဆုံးယှဉ်ပြိုင်ဖို့မြန်မာအသင်းကစားသမားတွေလေ့ကျင့်ခန်းအပြင်းအထန်လုပ်နေတဲ့ပုံရိပ်တွေကိုကြည့်ပြီးဒီနေ့ညမှာယှဉ်ပြိုင်ကစားမယ့်လာအိုအသင်းနဲ့ပွဲကိုဒီည၇နာရီမှာစောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။