ပရိသတ်တွေရဲ့ အချစ်တော် ရွှေရွှေတို့စုံတွဲလေးကတော့ မကြာသေးခင်က လက်ထပ်ထိမ်းမြားခဲ့ပြီး အခုဆိုရင်တော့ နှစ်ကိုယ်တူပျားရည်စမ်း ခရီးစဉ်လေးကို စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာနဲ့ ချစ်မြတ်နိုးကြတဲ့ သူတို့စုံတွဲလေးက ပရိသတ်တွေကြားမှာ တကယ့်ကိုရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အိမ်ထောင်သည်ဘဝကို ခံယူခဲ့တဲ့ ရွှေရွှေတို့ဇနီးမောင်နှံက ပျားရည်စမ်းခရီးလေးကိုတော့ နိုဝင်လဘာလ ၁၅ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ညမှာ ရွှေရွှေတို့စုံတွဲလေးက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို စတင်ထွက်ခွာခဲ့ပြီး ဘန်ကောက်ကနေမှတစ်ဆင့် အီတလီနိုင်ငံ၊ Milan မြို့ကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဥရောပတစ်ခွင်ကို ဟန်းနီးမွန်းထွက်ကြမယ့် သူတို့စုံတွဲလေးက လက်ရှိမှာတော့ Milan မှာ shopping ထွက်နေကြတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလေးကို ညီမလေး ငွေမှုန်ရတီနဲ့ သူငယ်ချင်းတို့ကလည်း လိုက်ပါခဲ့ပြီး အတူတူလည်ပတ်ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။

အခုလည်း ငွေမှုန်ရတီက အစ်မဖြစ်သူတို့စုံတွဲလေးနဲ့အတူ Milan မြို့အနှံ့လည်ပတ်နေတာကြတာကို facebook ကတစ်ဆင့် live လွှင့်ခဲ့ပါတယ်။ ရွှေရွှေတို့စုံတွဲလေးကတော့ အနက်ရောင်ဖက်ရှင်လေးတွေဆင်တူနဲ့ အချစ်ငှက်လေးနှစ်ကောင်လို မခွဲမခွာနဲ့ ချစ်ကြည်နူးနေကြတာ တွေ့ရပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် ကြင်စဦးဇနီးမောင်နှံဖြစ်တဲ့ ရွှေရွှေစုံတွဲနဲ့ ညီမလေး ငွေမှုန်ရတီတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ngwe Hmone Yati;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။