လက်တလောပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ ပဲခူးတက္ကသိုလ်ပါမောက္ခတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်အချို့လည်း ကြည့်ရှု့ပြီးဖြစ်မယ်ထင်ပါတယ်။ ပြည်တွင်း တက္ကသိုလ်ပါမောက္ခကြီးတွေရဲ့ လွတ်လပ်မှုနဲ့ စံနမှုနာယူစရာရဲရင့်မှုကိုပြသလိုက်တဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကို ကြည်နူးစေမှာအမှန်ပဲဖြစ်ပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးပဲခူးတက္ကသိုလ်ရဲ့ ကျောင်းဖျော်ဖြေပွဲတစ်ခုမှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ တချိန်က နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ ဦးချစ်ကောင်းရဲ့ " ချစ်ဖူးတယ်" သီချင်းကို အမိုက်စားပုံစံနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကိုကြည့်ရှု့ပြီး ပရိသတ်အချစ်တော် အိမ့်ချစ်ကလည်း အရှုံးပေးခဲ့တာတွေ့ရပါတယ်။ 

ငယ်ရွယ်သူ ကျောင်းသူ၊ ကျောင်းသားများရဲ့ စံပြသပုဂ္ဂိုလ်တစ်ဦးဖြစ်သလို စင်ပေါ်မှာ ယုံကြည်မှုအပြည့် ရဲရဲရင့်ရင့်နှင့်သီဆိုကာ တက်ရောက်သူတိုင်းကို ပျော်ရွှင်စေခဲ့တာတွေ့ရပါတယ်။ လက်ရှိကြည့်ရှု့သူ ငါးသိန်း နီးပါးရှိလာခဲ့တဲ့ ပဲခူးတက္ကသိုလ်ပါမောက္ခတစ်ဦးရဲ့ အမိုက်စားသီဆိုမှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDEO - တက္ကသိုလ်ဇင်ဝေထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။