မေမြတ်နိုးဆိုတဲ့ အလှမယ်လေးကတော့ အသက်ငယ်ပေမယ့် သူများနဲ့မတူတဲ့ စွမ်းဆောင်ရည်တွေအပြည့်အဝပိုင်ဆိုင်ထားတဲ့အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။

အနုပညာလောကထဲကို Miss တစ်ဦးအနေနဲ့ ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် မြန်မာနိုင်ငံကိုဂုဏ်တက်စေခဲ့တဲ့ Miss ဆုတံဆိပ်ကိုလည်း ရယူပေးနိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ 

ဒီကနေ့မှာဆိုရင်လည်း ပရိသတ်တွေလုံး၀ surprise ဖြစ်သွားစေခဲ့တဲ့ သူမရဲ့အနုပညာလှုပ်ရှားမှုကြီးတစ်ခုကို မေမြတ်နိုးဟာ လူမှုကွန်ယက်ပေါ်ကနေချပြလာခဲ့ပါပြီ။

ဒီsurprise ကတော့ မေမြတ်နိုးဟာ ကမ္ဘာကျော် Director Damiel Zirilli ရိုက်ကူးမယ့် Invincible ရုပ်ရှင်ကားကြီးထဲမှာ သူမပါဝင်သရုပ်ဆောင်ထားတယ်ဆိုတဲ့အကြောင်းကို ဓာတ်ပုံလေးတစ်ပုံနဲ့ ပြသလာခဲ့တာပဲဖြစ်ပါတယ်။  

ဒီ Invincible ရုပ်ရှင်ကားကြီးကတော့ action ကားအမျိုးအစားဖြစ်သလို 2019 ခုနှစ်မှာ ရုံတင်ပြသမယ့် ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်။

ဒီကားထဲမှာဆိုရင်လည်း မေမြတ်နိုးအနေနဲ့ ကမ္ဘာကျော်သရုပ်ဆောင်ကြီးတွေနဲ့အပြိုင် သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေကို ဘယ်လိုထုတ်ပြမလဲဆိုတာကတော့ အရမ်းပဲစိတ်ဝင်စားစရာကောင်းလှပါတယ်။

ရုပ်ရှင်လောကသားတိုင်း သွားရောက်သရုပ်ဆောင်ချင်ကြတဲ့ ဟောလိဝုဒ်ရုပ်ရှင် လောကထဲကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ မေမြတ်နိုးကို အမြဲအားပေးနေကြမယ်မဟုတ်လားပရိသတ်ကြီးရေ......

source - May Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။