Beauty Blogger တစ်ဦးအဖြစ် လူသိများအောင်မြင်ခဲ့တဲ့ နေခြည်ဦးကတော့ အခုဆိုရင် မင်းသမီးတစ်ဦးအဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေရပြီ ဖြစ်ပါတယ်။ အရည်အချင်းရှိပြီး ထက်မြတ်တဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ သူမက အမာခံပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အတိုက်အခိုက်တွေကြားကနေ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ချီချီလို့အများက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ နေခြည်ဦးက အခုလည်း သူမရဲ့ကိုယ်ပိုင် product အသစ်လေးတစ်ခုနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

နေခြည်ဦးရဲ့ကိုယ်ပိုင် Brand လေးဖြစ်တဲ့ Beauty By Nay Chi Label ကနေ ပထမဆုံးအကြိမ် မိတ်ဆက်ပေးလိုက်တဲ့ ပစ္စည်းလေးကတော့ ပရိသတ်တွေနဲ့တစ်ခါမှ မတွေ့ဖူးသေးတဲ့ "YOUR SOCIAL MEDIA BFF 2019 YEAR PLANNER BOOK" ဆိုတဲ့ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ 2019 Myanmar/English Calendar တွေပါတဲ့ Year Planner စာအုပ်လေးကတော့ လာမယ့် ၂၀၁၉ တစ်နှစ်တာအတွက် အားလုံးရဲ့အနားမှာ Beautybynaychi က 2019 တစ်နှစ်လုံးလုံး BFF တစ်ယောက်လို ရှိနေချင်၊ ကူညီချင်လို့ စီစဉ်လိုက်တဲ့ Planner စာအုပ်လေးပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးမှာတော့ လူတိုင်းအတွက် မရှိမဖြစ် အသုံးတည့်စေမယ့် အကြောင်းအရာတွေကို အသေးစိတ်ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

ဒီစာအုပ်လေးအကြောင်းနဲ့ ပတ်သက်ပြီးတော့ ချီချီက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပရိသတ်တွေနဲ့စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး Pre Order ကာလမှာတင် အော်ဒါတွေ အပြည့်ရရှိခဲ့ပါတယ်။ ဒီပစ္စည်းလေးက ပရိသတ်တွေအတွက် မထင်မှတ်ထားတဲ့ ပစ္စည်းလေးဖြစ်သလို နေခြည်ဦးအတွက်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် သူမအနေနဲ့ ဝမ်းသာမျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပထမဆုံးအကြိမ် ထုတ်လုပ်လိုက်တဲ့ နေခြည်ဦးရဲ့ကိုယ်ပိုင် product အသစ်လေးအကြောင်း ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Beautybynaychilabel;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။