မြန်မာနိုင်ငံရဲ့ Beauty Bloggerတစ်ယောက် အနေနဲ့ သူမရဲ့ အတွေ့အကြုံနဲ့ အလှအပအကြံလေးတွေကို မျှဝေရင်း အောင်မြင်လာသူ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ Beauty Bloggerတစ်ယောက်အနေနဲ့ သာမက ကြော်ငြာမော်ဒယ်တစ်ယောက်အနေနဲ့ပါ တွေ့မြင်နေရပြီဖြစ်သလို သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ ရုပ်ရှင်တွေလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်။သူမရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ "ရန်သူ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဝါရင့်မင်းသား၊ မင်းသမီးတွေ ဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ၊ နေမင်းတို့နဲ့ ရိုက်ကူးခဲ့ပြီး ဒီရုပ်ရှင်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

သူမရဲ့ ဒုတိယ ရုပ်ရှင်အနေနဲ့လည်း "ဧည်သည့်"ရုပ်ရှင် ဇာတ်ကားကြီးဟာလည်း ရွှေမှုန်ရတီ၊ ရွှေထူး ၊ဖြိုးငွေစိုးတို့နဲ့အတူ မကြာသေးခင်က ပါဝင်ရိုက်ကူးပြီးစီးခဲ့ပါပြီ။ မနေ့ညက နေခြည်ဦး ခေါ် ချီချီကတော့ သူမရဲ့ Facebook ကနေ Live လွှင့်ရင်းအားပါးတရ ငိုခဲ့သလို နေခြည်ဟာ အရမ်းကို Strong ဖြစ်ပြီး တော်တဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ခုလို ငိုနေတာတွေ့ရတော့ သူမကိုချစ်တဲ့ ညီမလေးတွေ၊ ချီလီ ပရိသတ်တွေပါ လိုက်ငိုပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သူမရဲ့ တစ်နှစ်တာလုံးမှာ သူမရဲ့ ဖေဖေ၊ သူငယ်ချငးေးတွ နဲ့ အတူ ကြိုးစားအားထုတ်ခဲ့ရတဲ့ သူမရဲ့ ကိုယ်ပိုင် Product လေးကတော့ နိုဝင်ဘာလ(၁၅) ရက်နေ့မှာ ထွက်ရှိခဲ့ပြီး သူမရဲ့ အောင်မြင်မှုလေးအတွက် စိတ်မကောင်းဖြစ်သလို တဖက်မှာလည်း ဝမ်းသာခဲ့ရတာမို့ နေခြည်တစ်ယောက် facebook live မှာတင် ရင်ဖွင့်ရင်း ငိုမိခဲ့တာဖြစ်တယ်။

သူမရဲ့ ရင်းတွင်းခံစားချက် တချို့ ဖြစ်တဲ့ "နေခြည် ဒီအလုပ်စလုပ်ကတည်းက အတိုက်အခိုက် အရမ်းကို များတယ်။ နေခြည် အရင်တွဲခဲ့တဲ့ ရည်းစားတွေကြောင့်လည်း နေခြည် အပြောခံရတယ်။ ဘာလုပ်လုပ် အမြဲတမ်း တိုက်ခိုက်ခံနေရတာက နေခြည့်အတွက် အဲ့ဒါတွေက ရိုးနေပြီ။ ခု ဘာလို့ ငိုနေလဲ နေခြည်လဲ မသိတော့ဘူး။ နေခြည်က မခံချင်စိတ် အရမ်းပြင်းပါတယ်။ နေခြည် တော်ရုံလည်း မငိုဘူး။ဒီစာအုပ်လေး ထွက်လာတော့ ဘာမှန်းမသိသေးဘူး၊ ဘယ်လောက်နဲ့ ရောင်းမယ်မှန်းလဲ မသိသေးပဲနဲ့ order တွေ တက်တော့ နေခြည့် မခံစားနိုင်တော့ပါဘူး။ တကယ် ကျေးဇူးတင်ပါတယ်။ နေခြည်က အရမ်းဆိုးတယ်။ ဒါပေမဲ့ နေခြည် ကောင်းအောင် အမြဲတမ်းနေတယ်။ အကုန်လုံးက နေခြည့်ကို Idol လို့ သတ်မှတ်ထားတဲ့ ညီမလေးတွေကို မြင်ရင် နေခြည်တခါတလေ ဆိုးမိရင်၊ အရက်သောက်မိတာတွေ ရှိရင် နေခြည် စိတ်မကောင်းဘူး။ "

"တိုက်ခိုက်တာကို ဝမ်းနည်းနေတာ မဟုတ်ပါဘူး။ နေခြည့်ရဲ့ပထမဆုံး product လေးထွက်သွားတာနဲ့ နေခြည် အရမ်းဂုဏ်ယူတယ်။ ကြောငြာလေး မြင်တာနဲ့ကို နေခြည် မခံစားနိုင်တော့ပါဘူး။ အဖေ့ကို အရမ်းချစ်တယ်။အရမ်းလည်း ကျေးဇူးတင်တယ်၊အဖေကြောင့်လည်းဒီလို လုပ်ဖြစ်တာပါ။ သမီး ဆိုးခဲ့တာတွေ သည်းခံပြီး ဒီအသက်အရွယ်ထိ အဖေ့အိမ်မှာထားတယ်။ ယောကျာ်းမယူဘူးလို့ ပြောတဲ့ အထိ သမီးကို ဘယ်တော့မှ မပေးစားဘူး။ သမီးကို အားကျပြီး သမီးနောက်လိုက်နေတဲ့ ညီမလေးတွေ အများကြီး ရှိတယ်။ ခုပြောချင်တာကတော့ နေခြည့်ကို မုန်းတဲ့ သူတွေ၊ တိုက်ခိုက်တဲ့ သူတွေ အားလုံးကို နေခြည် ကျေးဇူးအများကြီး တင်ပါတယ်။ " ဆိုတဲ့ ခံစားချက်တွေနဲ့ အတူ သူမရဲ့ ပထမဆုံး product ဖြစ်တဲ့ " Your Social Media BFF" 2019 planner စာအုပ် လေးကို သူမရဲ့ အခိုင်အမာ မိန်းကလေး ပရိသတ်လေးတွေကတော့ ဈေးနှုန်းလေး မသိရခင်ကတည်းက ကြော်ငြာလေး မြင်ရတာနဲ့ တင်ကြို တင် order လုပ်ကာ ဝယ်ယူခဲ့ကြပါပြီနော်...။

source: Nay Chi Oo; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။