ပြည်တွင်းကြားသိနေရတဲ့ မှုခင်းသတင်းတွေထဲမှာ အမြန်လမ်းမပေါ်ကသတင်းတွေကတော့ပိုမိုများပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မှုခင်းဖြစ်စဉ်တွေထဲမှာ ရုပ်ညံ့စွာတိုင်ကြားတဲ့ဖြစ်စဉ်တွေကတော့ များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ မနေ့က နိုဝင်ဘာလ ၁၅ရက်နေ့မှာလည်း ရုပ်ညံ့စွာတိုင်ကြားမှုသတင်းတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ မနေ့က နိုဝင်ဘာလ(၁၅)ရက် ည၁၀နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 3J/---- Lexus အဖြူရောင်ယာဉ်သည် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း ဖမ်းဆီးစစ်ဆေးပေးပါရန် ဖုန်းဖြင့် လိမ်လည်တိုင်ကြားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖုန်းဆက် သတင်းပေး လာသဖြင့် အမြန်လမ်း တပ်ဖွဲ့ဝင်များမှပူးပေါင်းကာ သက်သေများနှင့်အတူ စောင့်ဆိုင်းခဲ့ရာ နံနက်၄နာရီအချိန်တွင် စကားအင်း Toll Gate၌ ယာဉ်မောင်း(---) လားရှိုးမြို့နေသူ မောင်းနှင်လာသည့် ရှာဖွေယာဉ်သည် ရောက်ရှိလာရာ ပူးပေါင်းအဖွဲ့မှ ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါဝင် ကျား(၃)ဦး မ(၂)ဦး-ပေါင်း(၅)ဦးတို့၏ ခန္ဓာကိုယ်၌၎င်း ကားအတွင်း၌၎င်း ခရီးဆောင်အိတ်များ ထဲ၌၎င်း အသေးစိတ် ရှာဖွေ စစ်ဆေးခဲ့ရာ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကြောင့် သတင်းပေး ဖုန်းနံပါတ်အား ပြန်လည်ဆက်သွယ်ရာ ဖုန်းပိတ်ထား ကြောင်း သိရပါတယ်။ ဖြစ်စဉ်အား စိစစ်ရာ. အဆိုပါယာဉ်သည် ရန်ကုန်မြို့ နေသူထံမှ ရရန်ကြွေး သိန်း ၂၀၀၀ ကိစ္စ ရရှိရေးသွားရောက်တောင်းဆိုခဲ့ရာ အဆင်မပြေ စကားများခဲ့ ကြောင်းနှင့် ၎င်းကိစ္စကြောင့် မမှန်မကန်သတင်းပေး တိုင်ကြားခြင်းဖြစ်နိုင်ကြောင်း သိရှိရပါတယ်။ ရုပ်ညံ့တဲ့အပြုအမှုတစ်ခုဖြစ်ခဲ့တဲ့ ဒီကနေ့ လိမ်လည်တိုင်ကြားမှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။