တက်လမ်း လို့ ဆိုလိုက်ရင် နိုင်ငံခြားသွားရတာ၊ လစာ ပိုကောင်းလာတာ၊ ဘွဲ့တွေထပ်ရတာ ၊ အိမ်ပိုင်ဝယ်နိုင်တာ၊ ကားစီးနိုင်တာ အဲ့တာတွေ ပြေးမြင်တတ်ကြတယ်။

ဒါတွေလည်း အရေးကြီးသင့်သလောက်တော့ကြီးတာအမှန်ဘဲ။တစ်သက်လုံး ဘတ်(စ်)ကားစီးရမယ်ဆိုတာမျိုးကို ဘယ်လူငယ်တစ်ယောက်ကမှ စိတ်ကူးမယဉ်ချင်ပါဘူး။

အောင်မြင်တဲ့ ဘဝ ဆိုတာ မိုးလင်း မျက်စိနှစ်လုံးဖွင့် မျက်နှာသစ်၊ သွားတိုက်၊ မနက်စာစားပြီးရင် သွားရမယ့် အလုပ်က ကိုယ်သွားချင်တဲ့ အလုပ်ဖြစ်နေမှ ဖြစ်မှာပါ။

Material Success လို့ခေါ်တဲ့ ပစ္စည်း ဥစ္စာစည်းစိမ်တွေအတွက် အာမခံချက်ရလို့ အလုပ်တခုကို လုပ်ပေမယ့် အဲဒီ အလုပ်ခွင်ဟာ ကိုယ်မပျော်ပိုက်တဲ့ အလုပ်ခွင်ဖြစ်နေရင် ရွေးစရာ လမ်းကြောင်းနှစ်ဘဲရှိတော့တယ်။ ကိုယ်က မှားနေတာလား..ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ကိုယ့်ရွေးချယ်မှုကမှားနေတာလား။… ဒါဆိုရင်တော့ အလုပ် ပြောင်းရတော့မယ်။ စိုက်ထုတ်ခဲ့ပြီးတဲ့ အချိန်တွေ လုံ့လတွေ ကတော့ အဆုံးရှုံးပဲ ခံရတော့မှာပါ။ 

တတ်လမ်း ရှိတဲ့ အလုပ်ဆိုတာ ရာထူးပညာ စည်းစိမ်တွေ တိုးတတ် ဖို့ လမ်းရှိရုံသာမကဘဲ ကိုယ့်ရဲ့ လုပ်ငန်းခွင် ပျော်ရွှင်မှု တဖြည်းဖြည်း တိုးတက်သထက် တက်သွားမယ့် တတ်လမ်းမျိုး ရှိဖို့ပါ လိုအပ်ပါတယ်။ မိမိ သာ တိုးတတ်ရုံ သာမကဘဲ မိမိနဲ့ ဖိတွေ့ရာ မိမိ ကျင်လည်ရာ ပတ်ဝန်းကျင်ကို တစ်နည်းမဟုတ်တစ်နည်း အကျိုးပြုနိုင်ခွင့်လည်းရဖို့လိုပြန်တယ်။ဒါမှသာ ကိုယ်အလုပ်ကို ကိုယ်ဂုဏ်ယူကျေနပ်ပျော်ရွှင် နေတတ်လာမှာပဲဖြစ်ပါတယ်။  

Source : linkaryaykyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။