အချစ်သီချင်းအေးအေးလေးတွေအပြင်မြူးကြွတဲ့သံစဉ်တွေကြောင့်ပရိတ်သတ်တွေရဲ့အချစ်တွေအကုန်သိမ်းပိုက်ထားတဲ့အဆိုတော်မလေးကတော့ပရိတ်သတ်အချစ်တော်ဝိုင်းစုခိုင်သိန်းပဲဖြစ်ပါတယ်။သီချင်းတွေအပြင်ကြော်ငြာလေးတွေဗီဒီယိုဇာတ်ကားတွေနဲ့ပရိတ်သတ်အချစ်တော်ဖြစ်ခဲ့ရတာပါ။

ပရိတ်သတ်တွေအတွက်အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ပေမယ့်သူ့ရဲ့လှုပ်ရှားမှုလေးတွေကိုတော့တစ်ခါတစ်ရံတွေ့ရတက်ပါတယ်။ပျော်ရွှင်စရာအချစ်ရေးလေးကိုပိုင်ဆိုင်ထားပြီးပရိတ်တွေအားကျနေရတာဖြစ်ပါတယ်။ချစ်ရတဲ့သူနဲ့တူတူရှိရတာကြောင့်တစ်နေ့တစ်ခြားအလှတွေပိုနေတာဖြစ်ပါတယ်။နှစ်ယောက်တူတူပွဲတက်ပုံရိပ်လေးတွေကိုလည်းတွေ့ရပြီးပရိတ်သတ်တွေသာမကအနုပညာရှင်တွေကပါအားကျနေရတာဖြစ်ပါတယ်။

ပရိတ်သတ်တွေအတွက်အနုပညာအလုပ်တွေနဲ့ဝေးကွာနေတဲ့ဝိုင်းစုကတော့မကြာခင်အချိန်တွင်းမှာသူနဲ့သီချင်းအသစ်တွေကိုပရိတ်သတ်မြင်တွေဖို့ရှိနေတာဖြစ်ပါတယ်။ပရိတ်သတ်တွေကိုSurpriseလုပ်ထားပြီးခုထွက်မယ့်သီချင်းလေးနာမည်ကနာမည်နှစ်လုံးပဲရှိပါတယ်တဲ့။ပရိတ်သတ်တွေကိုလည်းချစ်ရင်ဖြေပေးပါတဲ့ မှန်တဲ့သူကိုအာဘွားပေးမယ်ဆိုပြီးပရိတ်သတ်တွေကိုကြော်ငြာလိုက်တာဖြစ်ပါတယ်။ဝိုင်းစုကတော့သီချင်းလေးထွက်တော့မှာကြောင့်ရင်တွေခုန်နေတာဖြစ်ပြီးပရိတ်သတ်တွေကလည်းသီချင်းခေါင်းစဉ်လေးကိုစဉ်းစားပေးရင်းနဲ့အားပေးကြပါဦးနော်။

SOURCE:Wine Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။