ကလေးသရုပ်ဆောင်ဘဝကတည်းက သရုပ်ဆောင်ကောင်းတာကြောင့် နာမည်ကြီးအောင်မြင်ခဲ့တဲ့ သရုပ်ဆောင် အိစိကွေးကတော့ ယနေ့ထိတိုင်အောင် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းအောင်မြင်နေဆဲ ဖြစ်ပါတယ်။ လူပျိုပေါက်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အိစိကွေးက သရုပ်ဆောင်အလုပ်အပြင် သူဝါသနာပါတဲ့ အဆိုတော်အဖြစ်လည်း သီချင်းတွေဖန်တီးနေတာ တွေ့ရပါတယ်။ မကြာသေးခင်ကလည်း အိစိကွေးရဲ့"အလွမ်းရဲ့အရသာ" သီချင်းဗီဒီယိုလေးက အသစ်ထွက်ရှိခဲ့ပါသေးတယ်။

လတ်တလောမှာတော့ အိစိက ခေါင်းဆောင်မင်းသားအဖြစ် ရုပ်ရှင်ဇာတ်ကားလေးတွေ ရိုက်ကူးနေရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အိစိတစ်ယောက်" အဆိပ်ရှိလူရိုင်း" ဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးခဲ့ပါတယ်။ လူငယ်သဘာ၀ အချစ်တွေ့နေကြတဲ့ အခုလိုအချိန်မှာ ပရိသတ်တွေကလည်း အိစိရဲ့အချစ်ရေးကို အထူးစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး လက်ရှိမှာ single ဖြစ်နေပါတယ်ဆိုတဲ့ အိစိက အခုလည်း အချစ်အကြောင်းနဲ့ပတ်သက်ပြီး ဖွင့်ဟလာပါတယ်။

အိစိကွေးက "ကမ္ဘာပေါ်မှာ ပထမဦးဆုံးပန်းသီးက အာဒံရဲ့ ပန်းသီး။ ဒုတိယပန်းသီးက နယူတန်ရဲ့ ပန်းသီး ။ တတိယပန်းသီးက စတိဂျော့ရဲ့ ပန်းသီး ။ အခု စတုတ္ထမြောက် ပန်းသီး က မ ကိုပေးမယ့် ကျွန်တော့ရဲ့ပန်းသီး" ဆိုတဲ့ ကဗျာဆန်ဆန်စာသားလေးကို သူရဲ့ပုံလေးနဲ့အတူ တွဲတင်လိုက်တာ ဖြစ်ပါတယ်။ အချစ်သင်္ကေတကို ဖော်ကျူးတဲ့ပန်းသီးလေးကို အိစိတစ်ယောက်ပေးမယ့် "မ" ဆိုတဲ့သူလေးကိုတော့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာလည်း တွေ့ရပါတယ်။ အိစိကိုယ်တိုင် ဖွင့်ဟလာတဲ့ အချစ်ဆန်တဲ့ စာသားလေးတွေကတော့ ဘယ်သူကိုပြောလဲဆိုတာ စဉ်းစားစရာပါပဲနော်။

Source:Eisi Kway;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။