ပရိတ်သတ်တွေရဲ့ အချစ်တော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဆုပန်ထွာဟာဆိုရင် ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သားလေး ဖြစ်တဲ့ Roar လေးကို မွေးဖွားပေးခဲ့တဲ့ မေမေတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အိမ်ထာင်ရေးခရီးလမ်းမှာ အခက်အခဲလေးတွေ အနည်းငယ်ရှိခဲ့ပေမဲ့ ယခုဆိုရင် ပျော်စရာကောင်းတဲ့ မိသားစုလေးအဖြစ် ပရိတ်သတ်က လက်ခံအားပေးနေပြီ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သားလေး Roar ကလည်း အရမ်းကို လိမ္မာသိတတ်တဲ့ သားလေးဖြစ်တာကြောင့် ပရိတ်သတ်တွေက အရမ်းကို ချစ်ကြတဲ့ သားလေးပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက သားလေးကို လိမ္မာယဉ်ကျေးအောင် လူကြီးသူမတွေကို သိတတ်အောင် အမြဲ သင်ကြားပေးနေတဲ့ မေမေ ဆုပန်ထွာကတော့ Roarလေး အရမ်းကို ချစ်ရတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ယခုဆိုရင် Roarလေးဟာ၂နှစ်နဲ့ ၁လ ကျော်ခဲ့ပြီဖြစ်ပြီး အသက်အရွယ်နဲ့ မလိုက်အောင် သင်ယူနိုင်စွမ်းကတော့ အရမ်းကို မြင့်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ ရောင်စုံဘောလုံးလေးတွေ ကြားမှာ ရေချိုးရင်း မေမေ ဆုပန်ထွာကို ဘောလုံးအရောင်လေးတွေကို အင်္ဂလိပ်လို ပြောပြနေတဲ့ Roarလေးရဲ့ ဗီဒီယိုလေးကတော့ ပရိတ်သတ်တွေကြားမှာ ကြည့်ရှူသူအများအပြားရှိနေပါတယ်။ ချစ်စရာကောင်းပြီး အရမ်းစကားတတ်တာကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေကတဲ့ Roarလေး ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိတတ်သတ်တွေ အတွက် တင်ပေးလိုက်ပါပြီနော်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။