ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော် G-Fatt နဲ့ နန်းစုတို့ရဲ့အချစ်ရေးဟာတော့ ထင်မှတ်မထားတဲ့ အခြေအနေ တစ်ခုကိုပြောင်းလဲသွားခဲ့ပါပြီ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အခြေအနေဖြစ်ပေမယ့် ပြီးခဲ့တဲ့မိနစ်ပိုင်းလေးကမှ နန်းစုက သူမရဲ့လူမှုကွန်ယက်မှာ နှစ်ယောက်သားပြတ်ဆဲသွားပြီဖြစ်တဲ့အကြောင်းကိုရေးသားလိုက်တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး အားလုံးကဝိုင်းဝန်းမေးမြန်းတာကိုလည်း သူမက ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က G-Fatt ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ သူတို့နှစ်ယောက်ကို ပရိသတ်တွေကို အဆိုတော်တွေကပါ ဝိုင်းဝန်းပြီး အကြင်နာပေးခိုင်းခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့ဒီစုံတွဲလေးကတော့ အရှည်သည်းပြီး မနမ်းခဲ့ကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြုံးရွှင်ရွှင်နဲ့ ပျော်ရွှင်နေပြီးမှ ဒီနေ့မှာဒီလိုစာမျိုးတက်လာခဲ့တာကြောင့် ပရိသတ်တွေကလည်း စိတ်ပူနေကြပါတယ်။ နန်းစုတစ်ယောက် သူမတို့နှစ်ယောက်ပြတ်ဆဲသွားပြီဖြစ်တဲ့အကြောင်းကို " We broke up I can’t stand anymore " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ 

G-Fatt တစ်ယောက် နန်းစုကိုဘယ်လိုတွေစနောက်လိုက်သလဲဆိုတာ သေချာမသိရသေးပေမယ့် နန်းစုကတော့အထင်လွဲနေပုံပါပဲ။ " He cheat on me " ဆိုပြီး သူမရဲ့ပရိသတ်တွေကို ပြန်လည်ပြောပြထားပါသေးတယ်။ ဒါဟာအားလုံးကိုအသိပေးတာဖြစ်ပြီး မကြာခင်ဒီစာကို သူမရဲ့လူမှုကွန်ယက်ကနေ ပြန်လည်ဖယ်ရှားမယ်လို့လည်း သူမကဆိုပါသေးတယ်။ ချစ်စရာကောင်းတဲ့စုံတွဲလေး မကြာခင်ပြန်လည်အဆင်ပြေပြီး အရင်လိုပျော်ရွှင်ရတဲ့အချစ်ကမ္ဘာလေးကို ဆက်လက်တည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။