" Bajirao Mastani " ဆိုတဲ့ အိန္ဒိယဘောလီဝုဒ် ရုပ်ရှင် ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိန္ဒိယ နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံးနဲ့ အနုပညာကြေး မင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ မင်းသမီးချော Deepika Padukone နဲ့ သူမရဲ့ ချစ်ရသူ မင်းသားချော Ranveer Singh တို့ဟာ နောက်ဆုံးမှာတော့ ရွှေလက်တွဲလိုက်ပါပြီ။ နှစ်ဦးလုံးဟာ အိန္ဒိယနိုင်ငံမှာသာမက ဟောလီဝုဒ် အနုပညာလောကထိ ကျော်ကြားသူတွေဖြစ်ပြီး သူတို့နှစ်ရဲ့ လက်ထပ် မင်္ဂလာသတင်းကို တကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကပါ ဂုဏ်ပြုစကားဆိုခဲ့ပေးပါတယ်။

ချစ်သူသက်တမ်း(၇) နှစ်၊ (၁၀)လ ဝန်းကျင် ဝန်းကျင် ရှိခဲ့ပြီ ဖြစ်သလို နှစ်ယောက်လုံးကလည်း အသက်(၃၀) ကျော် ဝန်းကျင်အရွယ်ကို ရောက်ရှိလို့ လာပြီမို့ လက်ထပ်သင့်ပြီဖြစ်တဲ့ အရွယ်ကောင်းလို့လည်းဆိုရမှာပါ။ နိုဝင်ဘာလ(၁၄) ရက်နေ့မှာ လက်ထပ်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာ အမှတ်တရ ပုံလေးတွေကို Facebook စာမျက်နာထက်ကနေ မျှဝေထားတာ တွေ့ရမှာပါ။

အိန္ဒိယ သတို့ သမီး ဝတ်စုံ အနီရောင် နဲ့ အရမ်းကိုလှပနေတဲ့ Deepika Padukone ရဲ့ လက်ကို ကြင်ကြင်နာနာ ဆုပ်ကိုင်ထားတဲ့ သတို့သား ကလည်း အရမ်းကို ပျော်ရွှင်နေသလို ရွှေမင်းသမီး ကို ပိုင်ဆိုင်ရတဲ့ မင်းသားချောRanveer Singh ရဲ့ ပီတီကတော့ ဘာနဲ့ မှ မလဲ နိုင်လောက်ပါဘူးနော်။ သူတို့ရဲ့ မင်္ဂလာဆောင် ဓာတ်ပုံလေးအောက်မှာ အရမ်း အားရ ဝမ်းသား ဂုဏ်ပြု စကားဆိုခဲ့သူကလည်း မကြာခင် အိမ်ထောင်ပြု ၊ မင်္ဂလာဆောင်တော့မဲ့ အိန္ဒိယ မင်းသမီးချော Priyanka Chopra ကလည်း " Insanely Beautiful " ရူးလောက်အောင်နေတယ် ရယ်လို့ ပြန်လည် ချီးမွန်းစကားဆိုထားပါတယ်။

source: https://www.hindustantimes.com/ & facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။