ပရိတ်သတ်တွေရဲ့အချစ်တွေအကုန်လုံးကိုသိမ်းထားတာကတော့မေမေယွန်းဝတီလွင်မိုးရဲ့သားလေးLiamလေးပဲဖြစ်ပါတယ်။သားလေးရဲ့၃လပြည့်မွေးနေ့လေးကိုလည်းမကြာခင်ကကျင်းပခဲ့ပြီးပရိတ်သတ်တွေချစ်နေရတာပါ။သားလေးLiamလေးကတော့မေမေယွန်းဝတီလွင်မိုးနဲ့တူတူပြန်လာတာဖြစ်ပြီးခုမှာတော့ဖေဖေဖြစ်သူကပါသားလေးရှိရာမြန်မာပြည်ကိုပြန်လာတာဖြစ်ပါတယ်။ 

သားလေးဟာခုမှာတော့ဖေဖေမေမေတို့နဲ့တူတူနွေးထွေးစွာရှိနေတာပါ။သားလေးနဲ့ခဏခွဲနေရတဲ့သားလေးဖေဖေကလည်းသားလေးကိုလက်ထဲကမချပဲချစ်နေတာပါ။သားလေးကတော့နှစ်ဘက်ဖိုးဖိုးဖွားဖွားဖေဖေမေမေတွေသာမကပရိတ်သတ်တွေကပါချစ်မဝဖြစ်နေတာပါ။မေမေကတော့သားလေးနဲ့တူတူပုံလေးတွေသားလေးvideoလေးတွေတင်ပေးလေ့ရှိပြီးပရိတ်သတ်တွေကြည့်ပြီးချစ်နေတာပါ။ 

သားလေးပုံလေးတွေအမြဲတင်ပေးလေ့ရှိတဲ့မေမေယွန်းဝတီလွင်မိုးကတော့ခုမှာလည်းဖေဖေရင်ခွင်ထဲမှာပျော်နေတဲ့Liamလေးပျော်နေတဲ့ပုံရိပ်လေးတွေကိုတင်ပေးထားတာပါ။ဖေဖေကတော့ချစ်မဝဖြစ်နေပြီးသားလေးကလည်းဖေဖေ့ကိုဖက်ထားတဲ့ပုံရိပ်တွေကလည်းပျော်ရွှင်စရာမိသားစုပုံရိပ်လေးတွေကိုမြင်တွေ့ရပြီးအားကျချစ်ခင်နေရတာဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သားလေးဖေဖေရင်ခွင်ထဲမှာပျော်နေတဲ့ပုံရိပ်လေးတွေကိုလည်းကြည့်ပြီးအားပေးကျပါဦးနော်။

SOURCE:Yunwaddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။