နာမည်ကြီးသရုပ်ဆောင် မင်းသမီးတစ်ဦး ဖြစ်တဲ့ ခိုင်နှင်းဝေဟာဆိုရင် ပရဟိတစိတ်ပြည့်ဝပြီး စိတ်ကောင်းစေတနာကောင်းရှိတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားရုံသာမက လူသားချင်းစာနာထောက်ထာတဲ့ စိတ်အပြည့်နဲ့ လူ လူချင်းမခွဲခြားပဲ ရိုင်းပင်းကူညီတတ်တဲ့ မခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကတော့ အရမ်းကိုလေးစားအားကျ စရာကောင်းလှပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်လည်း ဖြစ် ပရဟိတတွေကို လည်းရှေ့ဆုံးကနေ ဦးဆောင်လုပ်ကိုင်နေတဲ့ သူတစ်ဦးဖြစ်တာကြောင့် မကောင်းသတင်း ဝေဖန်ပြောဆိုချင်တဲ့ သူတွေက အမြဲကို စောင့်ကြည့်နေကြပါတယ်။ ကောင်းမှူတွေကိုသာ အများဆုံးလုပ်ဆောင်ပြီး တဖက်သားကို စာနာထောက်ထားတတ်တဲ့ မခိုင်လေးကတော့ ဝေဖန်မှုတစ်ခုကြောင့် အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သက်ငယ်မုဒိန်းမှူတစ်ခု မဟုတ်ပေမဲ့ အသက် (၁၉) နှစ်သာရှိသေးတဲ့ မစမ်းစမ်းမော် အတွက် လိုလေးသေးမရှိအောင် အစစအရာရာကူညီဆောင်ရွက်နေတဲ့ မခိုင်နှင်းဝေရဲ့ ရေးသားချက်တစ်ခုကြောင့် လူတစ်ချို့က ပြစ်တင်ဝေဖန်ပြောဆိုခံနေရတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဝေဖန်ပြောဆိုမှူတွေအပေါ် ခိုင်နှင်းဝေက " ကောင်းမှုကုသိုလ်တွေလုပ်နေလဲ အများအကျိုး ဆောင်ရွက်နေလဲ အဖျက်တွေအမျိးမျိုး ဝင်နေပါလား..ဘာမှမလုပ်တော့ပဲ သီလရှင်ဝတ်မှနဲ့တူတယ်နော်..တခါတခါ စိတ်ပျက်မိတာအမှန်ပဲ..ရှေ့ဆက်လျှောက်ဖို့ တော်တော်အားပြန်ယူယူနေရတယ်.. ကျမရေးတဲ့အထဲဘာများအမှားပါလို့လဲရှင်.." ဆိုတဲ့ စာသားလေးနဲ့ အတူ ဓာတ်ပုံတစ်ချို့ကိုလည်းတင်ခဲ့ တာဖြစ်ပါတယ်။ ကောင်းတာတွေလုပ်နေတာတောင် ဝေဖန်ပြောဆိုခံနေရတဲ့ မခိုင်နှင်းဝေအတွက်လည်း တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။