ပြီးခဲ့တဲ့လက အင်တိုနီးရှားနိုင်ငံက Lion Air လေကြောင်းပိုင်တဲ့လေယာဉ်တစ်စီး ပျက်ကြခဲ့တဲ့ဖြစ်ရပ်ကတော့ လူမှုကွန်ယက်ပေါ်မှာ လူစိတ်ဝင်စားမှုများပြားခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

ဒီလေယာဉ်ပေါ်မှာလိုက်ပါသွားခဲ့တဲ့ လူတွေထဲမှာတော့ အင်တန်ဆီယာရီဆိုတဲ့ အမျိုးသမီးလေးရဲ့ ခင်ပွန်းလောင်း ရီယိုနန္ဒာ ပရာတာမာ ကလည်းလိုက်ပါသွားခဲ့တာကြောင့် လေယာဉ်ပျက်ကြချိန်မှာ ဘာမှမလုပ်နိုင်ဘဲ အသက်သေဆုံးခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ထဲကသိကျွမ်းလာခဲ့သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ လက်ထပ်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ ဇနီးမောင်နှံလောင်းလေးတွေပဲဖြစ်ပါတယ်။  

သူတို့နှစ်ဦးဟာ မင်္ဂလာဝတ်စံကိုလည်းအတူတူရွေးပြီးခဲ့ကြပြီဖြစ်ပေမယ့် ပရာတာမာဟာ ဂျကာတာမြို့ကို အလုပ်ကိစ္စနဲ့ ခရီးသွားဖို့ အကြောင်းဖန်လာတဲ့အချိန်မှာတော့ မသွားခင်လေးမှာတင် ကိုမင်္ဂလာပွဲကို သူအချိန်မှီပြန်မရောက်ခဲ့ရင် သူရွေးပေးထားတဲ့ မင်္ဂလာဝတ်စုံလေးဝတ်ကာ မိတ်ကပ်လိမ်း အလှပြင် နှင်းဆီဖြူလေးပန်ထားတဲ့ပုံလေးကို ဓာတ်ပုံရိုက်ပြီး သူ့ဆီပို့ပေးပါဆိုပြီး နောက်ပြောင်ပြောကြားခဲ့ပါသေးတယ်။

နှတ်ဆီးတယ်လို့ပဲပြောရမလား ပရာတာမာဟာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ Lion Air လေကြောင်းပိုင် 737 လေယာဉ်ပေါ်လိုက်ပါသွားခဲ့တဲ့အချိန်မှာတော့ သူဟာ လေယာဉ်ပျက်ကြတဲ့ထဲပါသွားခဲ့ပြီး ဆီယာရီ ကိုထာဝရနှတ်ဆက်သွားခဲ့ရပါတယ်။ 

အင်တန်ဆီယာရီဟာလည်း အိမ်မက်ဆိုးလိုကြောက်စရာကောင်းတဲ့ဒီဖြစ်ရပ်ဆိုးကြီးကို ကြာသိခဲ့ရချိန်ကစပြီး ပူးဆွေးမှုတွေများစွာကြုံခဲ့ရပေမယ့် ခင်ပွန်းလောင်းရဲ့နောက်ဆုံးဆန္ဒလေးကိုတော့ သူမဖြည့်ဆည်ပေးဖို့ကြိုးစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆီယာရီဟာ သူတို့မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတဲ့ရက်လေးမှာပဲ လက်ထပ် လက်စွပ်ကိုဝတ် ကာ ခင်ပွန်းလောင်းရွေးချယ်ပေးထားတဲ့ မင်္ဂလာဝတ်စုံလေးကိုဝတ်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။

သူမအနေနဲ့ကတော့ ပြောမပြတတ်လောက်အောင် ကြေကွဲဝမ်းနည်းနေရပေမယ့် သေဆုံးသူခင်ပွန်းလောင်းအတွက် ပြုံးပြုံးလေး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ သူ့ချစ်သူအမြဲပြောခဲ့တဲ့အတိုင်း စိတ်ဓာတ်ခိုင်မာအောင် အမြဲကြိုးစားပြီး နေနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်ကြီးရေ သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်လေးကတော့ အင်မတန်ကိုမှကြေကွဲစရာ ကောင်းလှပါတယ်နော်။

source - bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။