မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ Miss Grand Myanmar 2017 သရဖူဆုကိုရရှိခဲ့တဲ့ အလှမယ်ဟောင်းတစ်ဦးဖြစ်ပါတယ်။ ကိုယ်နေကိုယ်ဟန် အချိုးအစား ပြေပြစ်လှပပြီး မိန်းကလေးတိုင်း လိုချင်မက်မောရလောက်တဲ့ အလှအပ၊ အရည်အချင်းတွေနဲ့ ပြည့်စုံနေတဲ့ အိမ်စည်က Miss Supranational Myanmar 2018 ဆုကို ရခိုင်ပြည်နယ်ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ရာမှ သရဖူဆုကို ထိုက်ထိုက်တန်တန်နဲ့ ထပ်မံဆွတ်ခူး ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ အိမ်စည်က ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

ဒီပွဲကြီးအတွက် အိမ်စည်တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြိုတင်ပြင်ဆင်မှုတွေနဲ့ လေ့ကျင့်မှုတွေကို အစောကြီးကတည်းက ပြုလုပ်နေရတာ ဖြစ်ပါတယ်။ တော်ဝင်ဆန်တဲ့အလှတွေနဲ့ လူသိများတဲ့အိမ်စည်က မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေသာမက ကမ္ဘာအနှံ့နှံ့က ပရိသတ်တွေရဲ့ဝန်းရံမှုကိုလည်း အပြည့်အ၀ ရရှိထားပါတယ်။ အခုလာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် ပြိုင်ပွဲကြီးမှာ မြန်မာအလှမယ် ရွှေအိမ်စည်နဲ့ ဗီယက်နမ်အလှမယ် Minh Tu Nguyen တို့က သရဖူဆုကြီးအတွက် နံပါတ်တစ်နေရာကနေ ရေပန်းစားနာမည်ကြီးနေကြတာပဲ ဖြစ်ပါတယ်။

အခုလည်း ပြိုင်ပွဲအတွက် အစစ အရာရာအဆင်သင့်ဖြစ်နေတဲ့ အိမ်စည်က သူမရဲ့ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ အလန်းစား Bikini ဝတ်စုံနဲ့ ပုံရိပ်တွေကို ထုတ်ပြလိုက်ပါတယ်။ ဒါ့အပြင် Miss Golden Land Myanmar Page ကလည်း " အီဂျစ်နတ်ဘုရင်မတစ်ပါး မြန်မာပြည်မှာ လူသားအသွင်မွေးဖွားလာသောအခါ...Queen Shwe Eain Si ဟု ခေါ်သည်..." ဆိုပြီး သူမရဲ့အလှတရားတွေကို ချီးကျူးတင်စားထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်မာကိုယ်စားပြု အလှမယ် ရွှေအိမ်စည်ရဲ့ ဆွဲဆောင်မှုပြည့်နေတဲ့ အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Eain Si;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။