Miss Universe တစ်ဦးဖြစ်ခဲ့တဲ့ အလှမယ်ဟောင်းမိုးစက်ဝိုင်တစ်ယောက် တောင်ကြီးမြို့ကိုရောက်ရှိနေတာဖြစ်ပြီး တောင်ကြီး Main လမ်းမကြီးမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးကြောင့် ကားပေါ်က အလျင်အမြန်ဆင်းပြေးခဲ့ရတယ်လို့ဆိုပါတယ်။ တကယ်ကိုကံကောင်းထောက်မလို့ အသက်ဘေးကလွတ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဗုံးပေါက်တဲ့နေရာဟာ သူမကားရပ်ထားတဲ့နေရာနဲ့အတော်လေးနီးစပ်တယ်လို့ဆိုပါတယ်။ ဗုံးဟာ တစ်လုံးပဲပေါက်သေးတာဖြစ်ပြီး နောက်ထပ်ဗုံးတွေလည်းထပ်ရှိသေးတယ်လို့ သတင်းတွေအရ သိရပါတယ်။

အနီးအနားမှာလည်းဓာတ်ပုံဝိုင်းရိုကေ်နကြတာကြောင့် နိုင်ငံ့အကြီးအကဲတစ်ယောက်ယောက်များလာလေသလားလို့ သူမကတွေ့မိတယ်လို့ ဆိုပါတယ်။ ကားကွေ့ဖို့တန်းစီနေစဉ်မှာလည်း အခုလိုပေါက်ကွဲခဲ့တာကြောင့် သူမက ကားပေါ်က ကြောက်အားလန့်အားနဲ့ ဆင်းပြေးခဲ့တယ်လို့ဆိုပါတယ်။ တာဝန်ရှိသူတွေကလည်း အလျင်အပြန်ပြေးကြတယ်လို့ဆိုပါတယ်။ တကယ့်ကိုရင်တုန်စရာအတွေ့အကြုံကြီးပါပဲ။

သူမရဲ့အဖြစ်အပျက်ကို " ဘဝမှာ ကြောက်အားလနိ့အား ကားပေါ်ကဆင်းပြေးရတယ် တောင်ကြီး main လမ်းမကြီးမှာ ဗုံးပေါက်ုလို့ . ကိုယ့်ကားနဲ့နီးနီးလေး .. ကွေ့ဖို့ တန်းစီနေတာ တခါတည်း ဆင်းပြေးပြီး လမ်းလျောက်ရတယ် ဘာလို့ လူတွေအုံနေတာလည်းဆိုတော့ ပုံတွေရိုက်နေတယ် မကြောက်ဘူးလားမသိ အောင်မလေး ဖုန်းတွေထောင်ပြီးရိုက်နေကြတော့ ဘယ်သူလာတာလည်းပေါ့ .. အန်တီစု လာတာလားတောင်ထင်နေတာ မိုးစက်ကတော့ ပုံရိုက်ဖို့တောင်မအားဘူးပြေးနေတာ လူတွေတော့မထိပါဘူး သက်ဆိုင်ရာကကြိုသိတော့ တာယာတွေနဲ့အုပ် ကားတစီးပိတ်ထားတယ် ပျောက်ကြားဝတ်စုံနဲ့ တာဝန်ရှိသူတွေကလည်း ရုတ်တရပ်ထွက်ပြေး အုံးဆိုထပေါက်တာပဲ အဲ့ချနိန်မှာမိုးစက်တို့ကားကကွေ့မလို့ ကားတွေပိတ် လူတွေကလည်း အဲ့မှာပုံရိုက်ကောင်းတုန်း တခါမှ ဒီလို adventure မျိုးမကြုံဖူးသေးဘူး ကျေးဇူးပါ တောင်ကြီး ! " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သွားတာလာတာ ဂရုစိုက်ကြပါဦးနော်။

Photo - Moeset Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။