လက်ရှိ တန်ဆောင်ရောက်ရှိလာသည်နှင့်အမျှ ရေပန်းစားလူသွားများတဲ့မြို့တွေထဲမှာ ရှမ်းပြည်တောင်ကြီးမြို့ကတော့ အထင်ကရနေရာတစ်ခုပဲဖြစ်ပါတယ်။ စည်စည်ကားကားနေရာတစ်ခုဖြစ်သလို တောင်ကြီးတန်ဆောင်နိုင်မီးပုံးပွဲတွေကတော့ပြည်တွင်းသာမက ပြည်ပနိုင်ငံများစွာကပါ စိတ်ဝင်စားမှုခံနေရတဲ့ ပွဲတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ဒီကနေ့ နိုဝင်ဘာလ ၁၆ရက်နေ့မှာတော့ ရှမ်းပြည်နယ်တောင်ကြီးမြို့မဈေးအနီးတွင် ဗုံထောင်မှုတွေဖြစ်ပွားနေကြောင်း သိရပါတယ်။  

လက်ရှိ ဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး တာဝန်ရှိ ရဲအရာရှိများက ရှာဖွေဖယ်ရှားမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ မကြာသေးမီက ဗုံတစ်လုံးပေါက်ကွဲမှုကြောင့် အနီးရှိ ပြည်သူအချို့ကို ထိပ်လန့်စေခဲ့တာတွေ့ရပါတယ်။ ကျန်ရှိနေသေးတဲ့ ဗုံးများကို ဆက်လက်ရှာဖွေလျှက်ရှိပြီး လက်ရှိ "Ocean ဒုတိယထပ်မှာ ဗုံးတစ်လုံး၊ City Square အပေါက်ဝ Oppo ရုံးခန်းရှေ့မှာ ဗုံးတစ်လုံး၊ Ocean နဲ့ Asia Light ကြား မဟာသုခလမ်းမှာ ဗုံးတစ်လုံး၊ ရှုခင်းသာ ပန်းခြံမှာ ဗုံးတစ်လုံးနှင့် တန်ဆောင်တိုင် ပွဲခင်းထဲမှာ ဗုံးနှစ်လုံး " ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ 

မိုင်းရှင်းလင်းရေး အဖွဲ့ဝင်များမှ လူအများ မထိခိုက်စေရေး အတွက် ဆောင်ရွက်လျှက်ရှိပြီး ...ခဏနေက ခွဲလိုက်တဲ့ ဈေးရှေ့က တစ်လုံး အပါအဝင်ဆိုရင် ဗုံးစုစုပေါင်း 7 လုံး ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော်ချိန်အတွင်းဖြစ်ဖြစ်ပွားခဲ့တာဖြစ်တာကြောင့် စိုးရိမ်စရာဖြစ်ရပ်တစ်ခုလည်းဖြစ်တာတွေ့ရပါတယ်။ လက်ရှိတောင်ကြီးဈေးအနီး တာဝန်ရှိသူများရောက်ရှိကာ ရှာဖွေစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေတဲ့ လက်ရှိ တောင်ကြီးမြို့မဈေးအနီးဗုံးပေါက်ကွဲမှုဗီဒီယိုဖိုင်နှင့်အတူ အနီးကပ်ပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDEO - Paing Thet Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။