အနုပညာလောကမှာ နေရာတစ်နေရာရရှိထားပြီး ဖြစ်ပြီး သရုပ်ဆောင်ထူးချွန်တဲ့ မင်းသမီး ခိုင်နှင်းဝေတစ်ယောက်ကတော့ ပရိဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ် နေတဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမကို ပရိဟိတမင်းသမီးရယ်လို့ ချစ်စနိုး နဲ့ ခေါ်ဝေါ်နေကြတာလည်းတွေ့ရပါတယ် ။ သူမဟာ အနုပညာအလုပ်တွေထက် ပရဟိတ အလုပ်တွေ ကို ဦးစားပေးလုပ်ဆောင်ပြီး လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ သူမရဲ့ စိတ်ထားလေးကတော့ တကယ်ကို လေးစားအားကျစရာကောင်းတာ အမှန်ပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း ကိုယ်ဝန်ငါးလထဲက အစစအရာရာ ကူညီစောက်ရှောက်ပေးခဲ့တဲ့ သက်ငယ်မဒိန်းကျင့်ခံရသူ ကလေးမလေးဟာ အခုဆိုရင် အောင်မြင်စွားနဲ့ မွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း ပုံလေးတွေနဲ့ အတူ "ကျွန်မ ရဲ့ ပီတိ (သို့မဟုတ်) ကျွန်မရဲ့အား

ကျွန်မတို့အသင်းမှ ကိုယ်ဝန် 5 လအရွယ်ထဲက အစစ တာဝန်ယူစောင့်ရှောက်ထားတဲ့ အသက် 13နှစ်အရွယ် သမီးလေး မအိရွှေစင် မှ

မနေ့ကည 11နာရီ 58 မိနစ် (ကြာသပတေး) မှာ ၄ ပေါင် ၇ အောင်စနှင့် သမီးလေး မွေးဖွားခဲ့ပါပြီရှင် အစပိုင်းမှာ ကလေးက အသက်လည်းငယ်တော့ မမွေးနိုင်ပဲ ကလေးက မွေးလမ်းကြောင်း ခေါင်းမရောက်လို့ ဆရာမတွေက စောင့်ကြည့်ခိုင်းတော့ ကျွန်မအဖွဲ့သားတွေက ကျွန်မဆီအကျိုးအကြောင်းလှမ်းပြောပြီး ဗိုက်ခွဲမွေးလိုက်ကြတယ်

ကလေးမိခင်က ခွဲခန်းကနေ ၁ နာရီ ၅၀ မိနစ်လောက်ကမှ ထွက်လာပြီး ၂ နာရီ ၃၀ လောင်တော့ ထုံဆေး ပြယ်လာတော့ အော်ဟစ်ငိုယိုလာတယ် မနက် 4 နာရီ 15 မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရှာတယ်လေ ..

လက်ရှိမှာ ကလေးက လမပြည့်ပဲ မွေးဖွားခဲ့လို့ ကလေးအထူးကြပ်မတ်ဆောင် မှာ ထားထားတယ်လို့ သိရှိရပါတယ်

ကျွန်မ ကလေးလေး တယောက်ကို လူ့လောကထဲကို ချောချောမွေ့မွေ့ ရောက်လာစေဖို့ ဒုတိယ အကြိမ်မြောက် လုပ်ဆောင်နိုင်ခဲ့ပီ ဆိုတဲ့ ပီတိက ဘာနဲ့မှမတူဖူး ကျွန်မ သွေးသားနဲ့ မွေးထုတ်နိုင်လိုက်သလိုကို ခံစားရတယ်ကျွန်မ အခု နေပြည်တော်မှာမို့ ချက်ချင်းမတွေ့ရသေးပေမယ့် ကျွန်မပြန်ရောက်ရောက်ချင်း ကလေးလေးကို ရအောင်သွားတွေ့မယ် ဒီကလေးလေးကို ဆေးရုံကဆင်းပြီး တဲ့အချိန် 45 ရက်အကျော်အထိ ကျွန်မတို့အသင်းမှ အစအဆုံး တာဝန်ယူစောင့်ရှောက် သွားမှာပါ ဒီလို တာဝန်ယူစောင့်ရှောက်နိုင်အောင်လည်း အနှီးဖြူလေးနဲ့ထုတ်ထားတဲ့ Baby အိရွှေစင် က ကျွန်မကို အားအင်တွေ ဖြည့်ပေးခဲ့ပြီလေ ....."ဆိုတဲ့ ဝမ်းသာပီတိဖြစ်နေတဲ့ စာလေးကိုပါဖော်ပြထားတာတွေ့ရပါတယ်။

မင်းသမီးကြီး ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားအားကျစရာကောင်းပြီး အတုယူစရာ ကောင်းလိုက်တာနော် ပရိတ်သတ်ကြီးရေ။ဒီထက်မကလည်းပရဟိတလုပ်ငန်းတွေပိုမိုလုပ်ကိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကဲ...ချစ်ပရိတ်သတ်တွေတွက်လည်း ခိုင်နှင်းဝေရဲ့ မြင့်မြတ်တဲ့ အလှူလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Khine Hnin wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။