ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် ခင်လှိုင်နဲ့ မြင့်မြတ်တို့နှစ်ယောက်က လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူတူရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကတော့ ဒါရိုက်တာအဖြစ် ခင်လှိုင်ကိုယ်တိုင် ရိုက်ကူးနေတဲ့ "တောက်ချလိုက်မယ်" လို့အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မြင့်မြတ်၊ ခန့်စည်သူ၊ ခင်လှိုင်၊ ပက်ထရစ်ရှာ၊ ရွှေသမီးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် စုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကြီးကတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အပြီးသတ်ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပါဝင်ရိုက်ကူးထားတဲ့ ခင်လှိုင်က ဒီဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသားဖြစ်တဲ့ မြင့်မြတ်ကို အစစအရာရာ အသေးစိတ်ကအစ ဘေးကနေ တစ်ခုမကျန် သင်ကြားပြသပေးခဲ့တာ ဖြစ်ပါတယ်။ ညီအစ်ကိုလို ခင်မင်ရင်းနှီးကြတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက တကယ့်ကိုလေးစားစရာကောင်းလောက်ပါတယ်။

အခုလည်း မြင့်မြတ်က ခင်လှိုင်ရဲ့ဇာတ်ကားက ရိုက်ကွင်းပုံရိပ်လေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ ကောင်မလေးပုံကို တစိမ့်စိမ့်ကြည့်နေတဲ့ မြင့်မြတ်ကို ခင်လှိုင်က ဘေးကနေ သင်ပေးရင်း လိုက်စနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ခင်လှိုင်နဲ့ မြင့်မြတ်တို့ရဲ့ အပြုအမူလေးတွေကိုတော့ ပရိသတ်တွေက သဘောကျချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်လှိုင်နဲ့ မြင့်မြတ်တို့ရဲ့ရိုက်ကွင်းပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:မြင့်မြတ်; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။