ဝါဆိုမိုးဦးတစ်ယောက် ငွေဆောင်ကမ်းခြေထက်မှာ အလှကြီးလှနေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေအပြင် ရင်ခုန်ချင်စရာအကတွေနဲ့ Tik Tok Video လေးကို လူမှုကွန်ယက်ပေါ်မှာဝေမျှလိုက်ပြီပဲဖြစ်ပါတယ်။ တကယ်ကိုကြွေချင်စရာပါပဲ။ ပြည့်ပြည့်လုံးလုံးခန္ဓာကိုယ်လေးက အသည်းယားစရာကောင်း လွန်းပါတယ်။ ချစ်ခင်ရသူတွေနဲ့အတူတူသွားတဲ့ခရီးဖြစ်ပြီး ဝါဆိုတစ်ယောက်အတော်လေးပျော်နေပုံပါပဲ။

သူမရဲ့ချစ်သူဖြိုးလေးလည်း ဒီခရီးမှာအတူတူပါလာပြီး နှစ်ယောက်သားအတော်လေးကို ပျော်နေတဲ့ပုံလေးပါပဲ။ ချစ်သက်တမ်းဟာလည်း နှစ်နှစ်ကျော်ကာလကိုတိုင်ခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကြည်နူးစရာအချစ်ရေးလေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ မင်္ဂလာပွဲလေးကိုတော့ ပရိသတ်တွေကလည်း မျှော်လင့်နေကြပါပြီ။

သူမရဲ့ရင်ခုန်ဖွယ်အက Video လေးကို " ဝနေတာသိတယ်နော် ဝတယ်လို့ပြောရင်စိတ်ဆိုးမယ် TikTok အပျော်လေးပေါ့ " ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ဝါဆိုရဲ့ အမိုက်စားကကွက်တွေကို ပရိသတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင်ဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo - Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။