နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ ကိုရီးယားမင်းသားလေးလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ မော်ဒယ်သရုပ်ဆောင် ညိမ်းသော်ကိုချစ်ကြမယ်ထင်ပါတယ်။ဖြူဖွေးတဲ့ အသားရည်ရယ် ယောကျာ်းပီသတဲ့ အမိုက်စား ခန္ဓာကိုယ်ကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ်အားပေးနေကြတာပဲဖြစ်ပါတယ်။အချိန်ခဏတွင်းမှာတင် ပရိတ်သတ်အခိုင်အမာရကာ နာမည်ကျော်ကြားလူကြိုက်များနေတဲ့ သူလေးလည်းဖြစ်ပါတယ်။
ညိမ်းသော်ကတော့ "ည" ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အောင်မြင်မှုတွေလည်း များစွာပိုင်ဆိုင်ရရှိခဲ့ပါတယ်။လတ်တလောမှာလည်း အင်လေးကိုရောက်ရှိနေတာဖြစ်ပြီး သာယာလှပတဲ့ ရူ့ခင်းတွေကိုနောက်ခံထားကာ ရှမ်းဝတ်စုံလေးနဲ့ ပို့စ်ပေးကြမ်းနေတဲ့ ယောကျာ်းပီသပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားပါတယ်။ညိမ်းသော်ကတော့ ဖက်ရှင်အမိုက်စားတွေနဲ့ အမြဲစမတ်ကျလန်းနေတာကြောင့် မိန်းကလေးပရိတ်သတ်တွေ အသဲစွဲဖြစ်နေကြတာပဲဖြစ်ပါတယ်။
ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် စတင်နာမည်ကြီးခဲ့တဲ့ ညိမ်းသော်ကအခုဆို သရုပ်ဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ညိမ်းသော်ရဲ့ အင်းလေးက ရှမ်းဝတ်စုံနဲ့ ခန့်ညားနေတဲ့ အလန်းစား ပုံရိပ်လေးတွေကိုကြည့်ရူ့နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ညိမ်းသော်လည်း ရှေ့ဆက်ပြီး ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။
Source:Nyein Thaw
Photo Credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။