ချီချီဆိုပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးနေသူလေးကတော့ Beauty Blogger မလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ အများနဲ့မတူ တစ်မူထူးခြားတဲ့ ဖန်တီးမှုအသစ်လေးတွေနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေတဲ့သူမက အခုဆိုရင် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အနုပညာလောကမှာ ရပ်တည်နေပြီဖြစ်ပါတယ်။ အလှအပ၊ဗဟုသုတရေးရာနဲ့ပတ်သတ်ပြီး အားလုံးကို အသိတိုးစေနိုင်တဲ့သူမက Chillies ဆိုတဲ့ အမာခံမိန်းကလေးပရိသတ်တွေကိုလည်း အများအပြား ပိုင်ဆိုင်ထားပါတယ်။

လတ်တလောမှာတော့ ချီချီတစ်ယောက် သူမရဲ့ကိုယ်ပိုင် brand ကနေ ပရိသတ်တွေ မမျှော်လင့်ထားတဲ့ product အသစ်လေးတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ဒါကတော့ "YOUR SOCIAL MEDIA BFF 2019 YEAR PLANNER BOOK " လို့အမည်ပေးထားတဲ့ တစ်နှစ်ပတ်လုံးအတွက် မရှိမဖြစ် အသုံးဝင်စေမယ့်စာအုပ်လေးပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကတော့ စတင်မိတ်ဆက်တဲ့အချိန်ကတည်းကပင် ကြိုတင်အော်ဒါတွေ အပြည့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဖက်ရှင်နဲ့ပတ်သတ်ပြီး လိုက်ဖက်ညီစွာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ ချီချီက အခုလည်း အလန်းစားဖက်ရှင်နဲ့ပုံရိပ်လေးတွေကို အသစ်တင်လိုက်ပါတယ်။ အနက်ရောင် Jacket လေးကိုဝတ်ဆင်ထားတဲ့ သူမက ဟောလိဝုဒ်မော်ဒယ်မလေးတစ်ယောက်လို sexy ဆန်ဆန်အလှတွေနဲ့ အရမ်းကို hot ဖြစ်နေတာ တွေ့ရပါတယ်။ အမိုက်စားရိုက်ကူးထားတဲ့ ချီချီရဲ့ပုံရိပ်လေးတွေကတော့ ခဏလေးအတွင်းမှာ လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ အနက်ရောင်ဖက်ရှင်နဲ့ အထာကျနေတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။